မင်္ဂလာဒုံမြို့နယ်၌ နို့စားနွားမွေးမြူမှု ဖွံ့ဖြိုးတိုးတက်စေရန်အတွက် နွားနှင့်ဆိတ် မေထုန်မဲ့သားစပ်သင်တန်း အမှတ် (၄/၂၀၂၄/ရက) ဖွင့်ပွဲ အခမ်းအနားကျင်းပ

ရန်ကုန် နိုဝင်ဘာ ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ မင်္ဂလာဒုံမြို့နယ်၌ နည်းစနစ်ကျ မေထုန်မဲ့သားစပ်တတ်သူများ တိုးပွားစေရန်နှင့် မေထုန်မဲ့သားစပ်နည်းဖြင့် နို့စားနွားမွေးမြူမှု ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ နွားနှင့်ဆိတ်မေထုန်မဲ့ သားစပ်သင်တန်းအမှတ်(၄/၂၀၂၄/ရက) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်မွေးမြူရေးခြံများနယ်မြေ၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး၊ မွေးမြူရေးနှင့်ကုသရေးဦးစီး ဌာန၊တိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာအောင်မြင့်ဟန်က နွားနှင့်ဆိတ် မေထုန်မဲ့သားစပ်သင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် မေထုန်န်မဲ့သားစပ်စီမံကိန်းအောင်မြင်စေရန် လိုက်နာရမည့်အချက်များကို ပြောကြားပြီးအမှတ်တရ စုပေါင်းမှတ်တမ်း ဓာတ်ပုံရိုက်ကူးခဲ့သည်။

အဆိုပါ သင်တန်းကို မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ နည်းပြများက ရန်ကုန်မြောက်ပိုင်းခရိုင်အတွင်းရှိ သင်တန်းသား(၂၅)ဦးအား နိုဝင်ဘာ(၁၈)ရက်နေ့မှ နိုဝင်ဘာ(၂၂)ရက်နေ့ အထိ(၅) ရက်ကြာ သင်ကြားပေးမည်ဖြစ်ရာ အခမ်းအနားသို့ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးတိုင်းဒေသကြီး ဦးစီးမှူး၊ မြောက်ပိုင်းခရိုင်မှ ခရိုင်ဦးစီးမှူး၊ မြို့နယ်ဦးစီးမှူးများ၊ သင်တန်းသားများနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဇွဲထက်ကို