ကျိုင်းတုံမြို့၌ တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ် ပညာပေးရေးအစီအစဉ် (C.T.M.E) အခမ်းအနားကျင်းပ

ကျိုင်းတုံ နိုဝင်ဘာ ၁၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ် ပညာပေးရေးအစီအစဉ် (C.T.M.E) အခမ်းအနားကို ယမန်နေ့က (၂၅) ခုတင်ဆံ့ တိုင်းရင်းဆေးရုံ(ကျိုင်းတုံ)၌ ကျင်းပသည်။

အခမ်းအနားတွင် ကျိုင်းတုံခရိုင် တိုင်းရင်းဆေးဆရာအသင်းမှ ဆရာကြီး ဦးကြည်ဝင်းက အမှာစကားပြောကြားပြီး တက်ရောက်လာကြသူများက နဝရတ်ကတိသစ္စာ ရွတ်ဆိုကြသည်။ ထို့နောက် ကျိုင်းတုံမြို့ (၂၅)ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ စာတမ်းရှင် ဒုတိယတိုင်းရင်းဆးမှူး ‌ဒေါ်နန်းဝိုးဖတ်က ဝဲယားနာအကြောင်း စာတမ်းဖတ်ကြားပြီး တက်ရောက်လာကြသည့် ကျိုင်းတုံခရိုင် တိုင်းရင်းဆေးပညာဦးစီးဌာနမှူး ဦးမင်းဟန်၊ မြို့နယ်တိုင်းရင်းဆေးပညာ ဦးစီးဌာနမှူး ဒေါ်အေးမြမြဖြူ၊ ကျိုင်းတုံတိုင်းရင်းဆေးရုံအုပ် ဦးမြင့်ခိုင်၊ ဒုတိယဆေးရုံအုပ် ဦးဆန်းလှိုင်၊ ကျိုင်းတုံခရိုင်တိုင်းရင်းဆေးအသင်းနှင့် ဖိတ်ကြားထားသူများက ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြသည်။

ထို့နောက် တာချီလိတ်မြို့ လင်းသုခတိုင်းရင်းဆေးကုခန်းနှင့် တိုင်းရင်းဆေးဝါး ထုတ်လုပ်ရေးဆေးတိုက်မှ စာတမ်းရှင်အား ဂုဏ်ပြုဆုငွေ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)