ပန်ဆောင်မြို့ အခြေခံပညာကျောင်းများ၌ ကျောင်းတွင်းစစ်စာမေးပွဲစတင်ဖြေဆို

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ဆောင်မြို့ အခြေခံပညာကျောင်းများ၌ မူလတန်း၊ အလယ်တန်း၊ အထက်တန်းအတန်းအလိုက် ကျောင်းတွင်းစစ် စာမေးပွဲကို ယနေ့ နံနက် ၉ နာရီက စတင်၍ ကျောင်းသား/ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိသည်။

ကသာမြို့တွင် ဒေသခံပြည်သူများအား စားအုန်းဆီများ ဈေးနှုန်းသက်သာစွာဖြင့်ရောင်းချပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့၏ ကြီးကြပ်မှုဖြင့် ကသာမြို့တွင် ဒေသခံပြည်သူများအား စားအုန်းဆီကို ပြင်ပပေါက်ဈေးထက် ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်ရန်အတွက် ယမန်နေ့ နံနက်(၈) နာရီအချိန်က မြို့တော်ခန်းမ၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။

ဘိုကလေးမြို့တွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဘိုကလေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသော (၇၇)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်း အမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသား အလွတ်တန်း ဘောလုံးပြိုင်ပွဲအား ဇန်နဝါရီ(၂၂)ရက်နေ့တွင် မြို့နယ်အောက်ပိုင်းဘောလုံး အားကစားကွင်း၌ စတင်ဖွင့်လှစ်ကျင်းပခဲ့ရာ ဖေဖော်ဝါရီလ(၁၂)ရက် ပြည်ထောင်စုနေ့ နေ့လယ်(၂)နာရီခွဲအချိန်၌ ဗိုလ်လုပွဲ ပွဲစဉ် ယှဉ်ပြိုင်ဆော့ကစားခဲ့ပြီး ညနေ (၄)နာရီခွဲအချိန်၌ ဆုချီးမြှင့်ပွဲကျင်းပဆောင်ရွက်သည်။

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားပွဲ အခမ်းအနားကျင်းပ၊ အားကစားပြိုင်ပွဲများနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ၊ MSME နှင့် ဌာနဆိုင်ရာပြခန်းများ ပြပွဲပြိုင်ပွဲဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အလံတင်အခမ်းအနားအား ယမန်နေ့နံနက်၅နာရီခွဲ အချိန်က ကျောက်တိုင်အားကစားကွင်း၌ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများက နေရာယူပြီးနောက် အလံတင်တပ်စုမှ တပ်ကြပ်ကြီးဦးဆောင်၍ နိုင်ငံတော်အလံတင်ခြင်းနှင့် အလေးပြုခြင်းများဆောင်ရွက်ခဲ့ပြီး အလံတင်တပ်စုသည် စစ်ရေးပြကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့ကြသည်။

အောင်လံမြို့၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်တွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ရုံးဝန်းတွင်း ကျင်းပပြုလုပ်ခဲ့သည်။

လှိုင်မြို့နယ် အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်း၌ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်ပြပွဲများ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ် အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့နံနက် ၉ နာရီက (၇၇) နှစ်မြောက် ပြည်‌ထောင်စုနေ့အထိမ်းအမှတ် စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်ပြပွဲများ ကျင်းပခဲ့ကြောင်း သိရသည်။

စေတုတ္တရာမြို့နယ်၌ မူလတန်းကြိုကျောင်းတွင် မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ်အဖြစ် ကာယ၊ ဥာဏစွမ်းရည်ပြိုင်ပွဲများ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် လှုမှုဝန်ထမ်းဦးစီးဌာန မူလတန်းကြိုကျောင်းတွင် မြန်မာနိုင်ငံကလေးများနေ့အထိမ်းအမှတ်အဖြစ် ကာယ၊ ဥာဏ စွမ်းရည်ပြိုင်ပွဲများကို အဆိုပါကျောင်းတွင် ယနေ့နံနက် ၉း၀၀ နာရီက စတင်ကျင်းပခဲ့သည်။

ကော့သောင်းမြို့တွင် (၇၇)နှစ်မြာက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ စာအုပ်ပြပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ စာအုပ်ပြပွဲကို ယမန်နေ့ နံနက်ပိုင်းက ကော့သောင်းခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။

ကွန်ပျူတာတက္ကသိုလ်(ဗန်းမော်)၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အမျိုးသားဘောလုံး ဗိုလ်လုပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲ ဆုရရှိသူများအား ဆုချီးမြှင့်ပွဲ ကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ကွန်ပျူတာတက္ကသိုလ်၏ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အမျိုးသားဘောလုံး ဗိုလ်လုပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲ ဆုရရှိသူများအား ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ညနေ (၅)နာရီခန့်က တက္ကသိုလ်အားကစားကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ် ကုန်းဇောင်းကျေးရွာ(အ.ထ.က)ကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးစေရန်နှင့် အသိဉာဏ်ပညာ ဗဟုသုတတိုးပွားပြီး ထူးချွန်ထက်မြက်သော လူတော်လူကောင်းများဖြစ်လာစေရန် ရည်ရွယ်၍ ယမန်နေ့က ပွင့်ဖြူမြို့နယ် ကုန်းဇောင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ပြီး လူငယ်ရေးရာအသိပညာပေး ဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to