ပွင့်ဖြူမြို့မစည်ပင်သာယာဈေး၌ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေးလုပ်ငန်း ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ပလတ်စတစ်ပစ္စည်းများနှင့် ပလတ်စတစ်အိတ်များ အလွန်အကျွံအသုံးစွဲခြင်းကြောင့် တွေ့ကြုံရမည့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုအန္တရာယ် လျော့နည်းစေရေးအတွက် ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေးလုပ်ငန်းကို ယမန်နေ့က ပွင့်ဖြူမြို့မစည်ပင်သာယာဈေး၌ ကွင်းဆင်းဆောင်ရွက်သည်။

မိုင်းစံမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြိုဟောပြောပွဲ ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မိုင်းစံမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ကွန်ဟိန်းမြို့၌ Mobile Library စနစ် စာအုပ်၊ စာစောင်များ ကွင်းဆင်းငှားရမ်းခြင်း ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများသည် ပြည်သူများ စာဖတ်သည့် အလေ့အကျင့်ကောင်းများ တိုးတက်လာစေရန်နှင့် အသိပညာဗဟုသုတများ တိုးတက်လာစေရန်အတွက် Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ ကွင်းဆင်းငှားရမ်းခြင်းကို ယနေ့နံနက် ၁၀ နာရီခန့်က မူလတန်းကြိုကျောင်းသို့ ကွင်းဆင်းငှားရမ်းပေးခဲ့ကြောင်း သိရသည်။

မိုင်းတုံမြို့နယ်၌ သတင်းညှိနှိုင်းရေးအစည်းအဝေး ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်ရှိ  မြို့နယ်အ‌ထွေထွေအုပ်ချုပ်ရေးဦးစီဌာနရှိ မြိုနယ်ထွေအုပ်အစည်းအဝေးခန်း၌ ၂၀၂၄ ခုနှစ်၊‌‌ ယနေ့ နံနက် ၁၀ နာရီ အချိန်က သတင်းညှိနှိုင်းအစည်းဝေး ကျင်းပခဲ့ကြောင်း သိရသည်။

နတ်မောက်မြို့၌ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို  အလယ်တန်းဆင့် ပုံပြောပြိုင်ပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို အလယ်တန်းဆင့် ပုံပြောပြိုင်ပွဲကို လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။

ပခုက္ကူမြို့နယ် စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ အစည်းအဝေးကျင်းပ  

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ် စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြဧရာ(၁)ခန်းမ၌ ကျင်းပပြုလုပ်သည်။

ကျိုင်းတုံမြို့ အ.ထ.က(၂)တွင် ဥပဒေပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်းဖွင့်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ရှမ်းပြည်နယ်ဥပဒေချုပ်၏ ကြီးကြပ်မှုဖြင့် ကျိုင်းတုံခရိုင် ဥပဒေရုံးနှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်နယ်ပညာရေးမှူး(ရုံးခွဲ) ကျိုင်းတုံတို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံပညာဆရာ/ဆရာမများ ဥပဒေပညာပြန့်ပွာရေး ဆရာဖြစ်သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပသည်။

ပုဗ္ဗသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ

စာအုပ်စာပေများ ဖတ်ရှုလေ့လာခြင်းဖြင့် ရရှိလာမည့် အတွေးအမြင်ဗဟုသုတများကို စာဖတ်သူအချင်းချင်း ဖလှယ်ဆွေးနွေးနိုင်စေရန်နှင့် စာဖတ်ဝိုင်းမှတစ်ဆင့် ဘဝအထောက်အပံ့ဖြစ်စေမည့် အတွေးအခေါ်ကောင်းများရရှိစေရန် ရည်ရွယ်၍ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းမှ နာယကနှင့် အဖွဲ့ဝင်များဖြစ်ကြသည့် စာရေးဆရာ ဆရာမများ၊ စာပေဝါသနာရှင်များပူးပေါင်း၍ စာရေးဆရာ တက်တိုးရေးသားသော "စာဖတ်စည်းစိမ်" စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပုဗ္ဗသီရိမြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်တွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တောင်တွင်းကြီးမြို့နယ် မီးသတ်ဦးစီးဌာန၌ အရန်မီးသတ်တပ်ဖွဲ့လေ့ကျင့်ရေး (မွမ်းမံ)သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ပြည်ထဲရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာန တောင်တွင်းကြီးမြို့နယ် မီးသတ်ဦးစီးမှူးရုံး၌ ယမန်နေ့ ညနေ (၄)နာရီအချိန်က အရန်မီးသတ်တပ်ဖွဲ့လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။

ဘီးလင်းမြို့နယ်၌ ရှင်ဥပဂုတ္တရဟန္တာမထေရ်မြတ် ပင့်ဆောင်ပူဇော်ခြင်းနှင့် နိဗ္ဗာန်စျေးပွဲတော် စည်ကားစွာကျင်းပ

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကန်သာယာရပ်ကွက် (၇) တွင် နှစ်စဥ်ကျင်းပပြုလုပ်သော ရှင်ဥပဂုတ္ထရဟန္တာမထေရ်မြတ်အား ပင့်ဆောင်ပူဇော်ခြင်းနှင့် နိဗ္ဗာန်စျေးပွဲတော်ကို ယနေ့ ညနေပိုင်းက စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။
Subscribe to