ပုဂံခေတ် အဆောက်အဦတည်ဆောက်ဖန်တီးသူများ၏ ဗိသုကာဆိုင်ရာ ကျွမ်းကျင်မှုနှင့် တိုးတက်ကောင်းမွန်သော တည်ဆောက်မှုဗိသုကာပညာရပ်များကိုလေ့လာနိုင်

ညောင်ဦး  နိုဝင်ဘာ  ၁၉                              

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံကမ္ဘာ့အမွေအနှစ်ဒေသအတွင်း လေ့လာရေးဘုရားဖူးလာရောက်ခဲ့ပါက ပြဿဒ်ကြီးဘုရားရှိ ရပ်တော်မူနှင့်ထိုင်တော်မူ ဆင်းတုတော်တို့ကိုဖူးမြော်ပြီး ပုဂံခေတ်အဆောက်အဦ တည်ဆောက်ဖန်တီးသူများ၏ ဗိသုကာဆိုင်ရာကျွမ်းကျင်မှုနှင့် တိုးတက်ကောင်းမွန်သော တည်ဆောက်မှုဗိသုကာပညာရပ်များကို လေ့လာနိုင်ကြောင်း သိရသည်။

ပြဿဒ်ကြီးဘုရားကို ကျစွာမင်းကြီးက (၁၃)ရာစုအစောပိုင်းတွင် တည်ထားကိုးကွယ်ခဲ့ပြီး လိုဏ်နှစ်ဆင့်ခံစေတီပေါက်ဂူဘုရားတစ်ဆူဖြစ်ကာ ပြဿဒ်ကြီးဘုရားသည် အလွန်ကြီးမားသည့် အံ့ဩဖွယ်ရာကောင်းမွန်သော စေတီတော်ဖြစ်ပြီးပုဂံမြို့၏ အရှေ့တောင်ဘက်တွင်တည်ရှိသည်။

အဆိုပါ ပြဿဒ်ကြီးဘုရားအတွင်း ကြီးမားသော ရပ်တော်မူနှင့် ထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော်ပေါင်းများစွာကို ကိုယ်နေဟန်ထား အမျိုးမျိုးဖြင့်ဖူးမြှော်တွေ့ ဖူးမြော်တွေ့ရှိလေ့လာနိုင်သည်။

နှောင်းပိုင်းကာလစေတီပုထိုးများ၏ ကြီးမားခမ်းနားသော အခန်းများနှင့်ကျယ်ဝန်းသော စင်္ကြံလျှောက်လမ်းများ တည်ဆောက်ထားရှိမှုကို ကြည့်ချင်းအားဖြင့် ပုဂံခေတ်အဆောက်အဦ တည်ဆောက်ဖန်တီးသူများ၏ ဗိသုကာပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုနှင့်တိုးတက်ကောင်းမွန်သော ဗိသုကာပညာရပ်များကို တွေ့မြင်သိရှိလေ့လာနိုင်ကြောင်း သိရသည်။

ပြဿဒ်ကြီးဘုရား၏ အရှေ့မြောက်ဘက်တွင် စောလှဝန်းဘုရား၊ မြောက်ဘက်တွင် ဆင်များရှင် အုတ်ကျောင်းတိုက်အစုအဝေး၊ အနောက်မြောက်ဘက်တွင် စူဠာမဏိဘုရား၊ အနောက်ဘက်တွင် ဓမ္မရံကြီးဘုရား၊ တောင်ဂူနီ/မြောက်ဂူနီဘုရားနှင့်အနောက် တောင်ဘက်တွင် ဓမ္မရာဇကဘုရားတို့ကိုလည်း တဆက်တစပ်တည်းလေ့လာဖူးမြော်နိုင်ကြောင်း သိရသည်။

ဒီပါလင်း