တောင်တွင်းကြီးမြို့နယ်တွင် မြို့နယ်အဆင့် (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကလေးသူငယ်များ၊ ကျောင်းသား၊ ကျောင်းသူများ အမျိုးသားနေ့အကြောင်း သိရှိစေရန်နှင့် ကျောင်းသင်ခန်းစာများအပြင်၊ စာပေလေ့လာဖတ်ရှုခြင်း အလေ့အထများဖြစ်စေရန်၊ စာဖတ်ခြင်း အကျိုးကျေးဇူးများ သိစေရန် ရည်ရွယ်၍ (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲတွင် ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျွန်းလှမြို့နယ်တွင် ပဲစင်းငုံစိုက်ခင်းများ ပိုးမွှားရောဂါကျရောက်မှု ရှိ၊ မရှိ ကွင်းဆင်းစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ရာသီအလိုက် ပဲမျိုးစုံစိုက်ပျိုးလျက်ရှိရာ ယခုနှစ်မိုးရာသီစိုက်ပျိုးသော ပဲစင်းငုံစိုက်ခင်းများ ပိုးမွှားရောဂါ ကျရောက်မှုရှိ၊ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ဗိုလ်တထောင်ခရိုင်အတွင်း၌ မျက်စိဝေဒနာရှင်များ ကွင်းဆင်းကုသဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီးကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍  " မရှိ၍    မလင်းသူမရှိစေရ " အစီအစဥ်ဖြင့် ဗိုလ်တထောင်ခရိုင်အတွင်းရှိ မြို့နယ်(၅) မြို့နယ်မှ မျက်စိဝေဒနာရှင်များအား ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်၊ (၇)အရှေ့ရပ်ကွက်အတွင်း ရှုခင်းသာလမ်းရှိကုသရေးဦးစီးဌာန ကုတင် (၁၀၀) ဆံ့အထူးကုဆေးရုံ(သာကေတ)၌ ယမန်နေ့နံနက်ပိုင်းမှစ၍ မျက်စိအထူးကုဆရာဝန်ကြီး ဒေါက်တာဝင်းဗိုလ်သန်းနှင့်အဖွဲ့မှ ကွင်းဆင်းကုသပေးခဲ့ကြောင်း သိရသည်။

ရွှေတောင်မြို့နယ်၊ တောင်လုံးညိုကျေးရွာ၊ ပညာအားမာန်စာကြည့်တိုက် အဆောက်အအုံသစ်ဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါ၍ မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီမှ မတည်ငွေကျပ်သိန်း (၁၅၀) ဖြင့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရန်၊ ဒေသခံပြည်သူများ အလွယ်တကူ စာပေဖတ်ရှုလာနိုင်စေရန်နှင့် အသိပညာဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်ဖွင့်လှစ်သည့် ရွှေတောင်မြို့နယ်၊ ကသစ်တိုင်းကျေးရွာအုပ်စု၊ တောင်လုံးညိုကျေးရွာ၊"ပညာအားမာန်"စာကြည့်တိုက် အဆောက်အအုံသစ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

ဒဂုံမြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာနှင့် ဆုံဆို့မေးခိုင်ကာကွယ်ဆေးထိုးနှံပေး

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ် အမှတ်(၃) အခြေခံပညာအထက်တန်း ကျောင်းတွင် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးနှင့် ဆုံဆို့မေးခိုင်ကာကွယ်ဆေးကို ယမန်နေ့က ထိုးနှံပေးခဲ့ကြောင်း သတင်းရရှိပါသည်။

လှိုင်မြို့နယ်၊ အ.လ.က (၁) ကျောင်း၌ (HPV) သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံပေးခြင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ် အမှတ် (၁) အခြေခံပညာအလယ်တန်းကျောင်း၌ အသက် (၉) နှစ်မှ (၁၂) နှစ်အောက် ကျောင်းသူများကို   သားအိမ်ခေါင်းကင်ဆာ HPV ကာကွယ်ဆေးအား ယမန်နေ့နံနက် (၁၀) နာရီအချိန်က ထိုးနှံပေးခဲ့သည်။

မိုင်းဖြတ်၌ မီးခိုးမြူငွေ့လျှော့ချရေး၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ရာသီဥတုပြောင်းလဲမှု လျော့နည်းစေရေး အသိပညာပေး ဟောပြောပွဲကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် သစ်တောဦးစီးဌာနမှ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့လျှော့ချရေး၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် လျော့နည်းစေရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ဆိုက်ခေါင်ကျေးရွာ၊ အ.မ.ကကျောင်းတွင် ကျင်းပခဲ့​ကြောင်း သိရသည်။

မြို့သစ်မြို့နယ်၌ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် ဟောပြောပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ကျောင်းသား ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန်အတွက် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေးစာအုပ်စာစောင်ပြပွဲ၊ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် ဟောပြောပွဲကို ယမန်နေ့နေ့လယ်(၁)နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre )ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မန္တလေးတိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံ(မြေပဲ၊နှမ်း၊နေကြာ)နှင့် ကြက်သွန်နီသီးနှံ ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာသင်တန်းဖွင့်လှစ်ပို့ချ

မန္တလေးတိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံ(မြေပဲ၊ နှမ်း၊ နေကြာ)နှင့် ကြက်သွန်နီသီးနှံ ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာသင်တန်းကို နိုဝင်ဘာ ၁၇ ရက်နေ့ နံနက်က မိတ္ထီလာခရိုင် စိုက်ပျိုးရေးဦးစီးဌာနရှိ သင်တန်းခန်းမတွင် ဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။

မင်းလှမြို့နယ်တွင်(ဆင်မတောင်-ညောင်ဝိုင်း) လမ်း‌‌ပေါ်ရှိ ရေကျော်တည်ဆောက်ပြီးစီးမှုအား အရည်အသွေးစစ်ဆေးရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်ကျေးလက်‌လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရန် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီး ရန်ပုံငွေဖြင့် ဆောင်ရွက်သည့်(ဆင်မတောင်-‌ ညောင်ဝိုင်း)လမ်းပေါ်ရှိ ရေကျော်တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေကို အရည်အသွေးစစ်ဆေးရေးအဖွဲ့မှ ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။
Subscribe to