မဟာအောင်မြေမြို့နယ်၌ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဆေး (OCV) တိုက်ကျွေး

မဟာအောင်မြေ နိုဝင်ဘာ ၁၉

မဟာအောင်မြေမြို့နယ်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါဆေးနှင့်ပတ်သက်၍ အသိပညာပေးခြင်း၊ ကာကွယ်ဆေးတိုက်ကျွေးခြင်းများ ဆောင်ရွက်ရာတွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဆေး (OCV) ဆိုသည်မှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားခြင်းမှ ကာကွာပေးနိုင်သော ကာကွယ်ဆေးဖြစ်ကြောင်း၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဆေး (OCV) သည် ဘေးကင်းစိတ်ချရပြီး ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကို ကာကွယ်ပေးနိုင်ကြောင်း၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ရောဂါကာကွယ်ဆေး (OCV) သည် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ခုခံအားကို အားကောင်းစေပြီး ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကူးစက်နိုင်ချေကို လျှော့ချပေးနိုင်ကြောင်း၊ ပြင်းထန်ဝမ်းပျက်ထန်ဝမ်းပျက်ဝမ်းလျှောရောဂါသည် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောခြင်း၊ မကြာခဏအရည်ဝမ်းများသွားခြင်းနှင့် အော့အန်ခြင်းတို့ကို ဖြစ်စေနိုင်သော ကူးစက်တတ်သော ရောဂါတစ်ခုဖြစ်ကြောင်း၊ ပြင်းတန်ဝမ်းပျက်ဝမ်းလျှောရောဂါသည် ဘက်တီးရီးယားကြောင့်ဖြစ်ပြီး ရောဂါပိုးပါသည့် မသန့်ရှင်းသောအစားအစာ သို့မဟုတ်ရေမှတဆင့် သို့မဟုတ် ရောဂါပိုးရှိသူ၏ မစင်နှင့်ထိတွေ့ခြင်းမှတဆင့် ကူးစက်ပျံ့နှံ့ခြင်း၊ လျှင်မြန်စွာ မကုသပါက ရေဓာတ်ခမ်းခြောက်ပြီး သေဆုံးသည်အထိ ဖြစ်စေနိုင်ကြောင်း၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဆေး (OCV) ကို တစ်ကြိမ်သောက်ရပါမည်။ တစ်ကြိမ်သောက်ခြင်းဖြင့် ပြင်းထန် ပျက်ဝမ်းလျှောရောဂါကူးစက်ခြင်းမှ ခြောက်လအထိကာကွယ်နိုင်ကြောင်း၊  ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ဆေး (OCV) သောက်ပြီးသော်လည်း ရောဂါမကူးစက်စေရန် သန့်(၄) သန့် (အစာသန့်၊ လက်သန့်၊ အိမ်သာသန့်၊ ရေသန့်) စသည့် အမူအကျင့်ကောင်းများကို ဆက်လက်ထိန်းသိမ်းထားရန်လိုအပ်ကြောင်းစသည့် အသိပညာပေးခြင်းများဆောင်ပေးပြီး မဟာအောင်မြို့နယ် သက်ဆိုင်ရာဓမ္မာရုံများသို့စုရပ်ဖွဲ့၍ ကျန်းမာရေးဝန်ထမ်းများမှ အသက်(၁)နှစ်နှင့်အထက် ကလေး၊ လူကြီးများအား ကာကွယ်ဆေးတိုက်ကျွေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာမှသိရသည်။

အောင်ဇော်မင်း