လိပ်သို နိုဝင်ဘာ ၁၉
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသနေပြည်သူများမှာ ဥယျာဉ်ခြံစိုက်ပျိုးရေးလုပ်ငန်းအပြင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကိုလည်း မြေနေရာနှင့် ရေရှိမှုအပေါ်မူတည်၍ တစ်နိုင်တစ်ပိုင်လုပ်ကိုင်လျက်ရှိကြကြောင်း သိရသည်။
ယခုအခါစိုက်ပျိုးထားသော မိုးစပါးခင်းများ စတင်ရည့်မှည့်လာပြီဖြစ်၍ နိုဝင်ဘာ လဆန်းပိုင်းမှစတင်ကာ ရိတ်သိမ်းခြွေလှေ့လျက်ရှိပြီး စိုက်ပျိုးချိန် ရေရရှိမှုနှင့် ရင့်မှည့် ရိတ်သိမ်းချိန် မတူညီကြသောကြောင့် ဒေသတွင်း မိုးစပါးရိတ်သိမ်းမှုမှာ ဇန်နဝါရီလအထိ ရိတ်သိမ်းလျက်ရှိကြကြောင်း သိရသည်။
ဒေသတွင်းရှိ လယ်ယာမြေများမှာ တောတောင်လျှိုမြောင်များအကြားတွင်တည်ရှိပြီး လှေကားထစ်လယ်ယာပုံစံဖြင့် မြေအခြေအနေပေးသလို ထွန်ယက်စိုက်ပျိုးကြရပြီး စက်ကိရိယာများဖြင့် လျှင်မြန်စွာ ရိတ်သိမ်းခြွေလှေ့နိုင်ခြင်းမရှိပဲ လူအားဖြင့်သာ တစ်ဦးနှင့်တစ်ဦး အလှည့်ကျအပြန်အလှန် ကူညီရိတ်သိမ်းလျက်ရှိနေကြကြောင်း သိရသည်။
ခင်လေးနွယ်