ကွန်ဟိန်းမြို့၌ (၁၀၄) နှစ်မြောက် အမျိုးသားနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ (၁၀၄) နှစ်မြောက် အမျိုးသားနေ့ အထိမ်းအမှတ် ကျောင်းအဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲအား ယနေ့နံနက် (၉) နာရီခန့်က အခြေခံပညာအထက်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိတ္ထီလာမြို့နယ်တွင် ၂၀၂၄-၂၀၂၅ခု ဘဏ္ဍာရေးနှစ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးသည့် မိုးစပါးစိုက်ဧကများ အောင်မြင်ဖြစ်ထွန်း

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ၂၀၂၄-၂၀၂၅ခု ဘဏ္ဍာရေးနှစ် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးသည့် မိုးစပါးစိုက်ဧကများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မင်းလှမြို့၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကျင်းပနိုင်ရေး အစည်းအဝေးကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပနိုင်ရေးအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီခွဲက မြို့နယ်အ‌ထွေ‌ထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

မင်းဘူးမြို့၌ မီးခိုးမြူငွေ့လျှော့ချရေး အသိပညာပေးဟောပြော

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက ကျင်းပသည့် မီးခိုးမြူငွေ့ လျှော့ချရေးနှင့် သဘာဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်က အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပသည်။

လိပ်သိုဒေသတွင် အာရေးဗီးကား (ARABICA) ကော်ဖီသီးများရည့်မှည့်ပြီဖြစ်၍ စတင်ဆွတ်ခူး

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိကော်ဖီစိုက်ပျိုးဖြစ်ထွန်းသော ကျေးရွာများတွင် အာရေးဗီးကား (ARABICA)  ကုန်းမြင့်ကော်ဖီမျိုးနှင့် ရိုဘတ်စတာ ကော်ဖီမျိုး များကို  အဓိကထားစိုက်ပျိုးကြပြီး အာရေးဗီးကား ကော်ဖီမျိုးများမှာ စောစောရင့်မှည့်သဖြင့် ဒေသခံများက စတင်ဆွတ်ခူးလျက်ရှိနေကြပြီဖြစ်ကြောင်း သိရသည်။

ပိုင်ကျုံမြို့၌ ဆောင်းနေကြာစိုက်ပျိုးမည့် တောင်သူများအား နေကြာမျိုးစေ့များ ထောက်ပံ့ပေးအပ်

ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့နယ်အတွင်းတွင် ပြည်တွင်းစားသုံးဆီ  ဖူလုံမှုရှိစေရေးနှင့် မိသားစုဝင်ငွေ တစ်ဖက်တစ်လမ်းမှ တိုးပွားရရှိစေရေးတို့အတွက် ဆောင်းနေကြာစိုက်ပျိုးမည့် တောင်သူများအား နေကြာမျိုးစေ့များ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့နံနက် (၁၀) နာရီခွဲက ပိုင်ကျုံမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

မိုင်းပျဉ်းမြို့ အ.ထ.ကကျောင်းတွင် ကြက်ခြေနီရှေးဦးပြုစုခြင်း(အခြေခံ) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၊ အ.ထ.ကကျောင်းတွင် ကြက်ခြေနီ ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းဆင်းပွဲ အခမ်းအနားကို ၂၀၂၄ ခုနှစ် ယမန်နေ့ မွန်းလွဲ ၂ နာရီက အဆိုပါ ကျောင်းန‌ဝဒေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း အမှတ်စဉ်(၂) သင်တန်းဖွင့်ပွဲအခမ်းအနား တက်ရောက်

ဥပဒေရေးရာဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပေါင်းစပ်ညှိနှိုင်းပြီး မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ဖွင့်လှစ်သည့်  Grade 11 နှင့် Grade 12 တွင် သင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများအား ဥပဒေဘာသာရပ်သင်ကြားပေးနိုင်ရန် ဆရာ၊ ဆရာမများအား ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း (Training of Trainer) (TOT) အမှတ်စဉ်(၂) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက မကွေးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တရားလွှတ်တော်တရားသူကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ သင်တန်းပို့ချမည့် ဥပဒေအရာရှိများ၊ သင်တန်းသား၊ သင်တန်းသူ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြသည်။

ကျောက်ဆည်မြို့နယ်တွင် ဆောင်းကုလားပဲများ စတင်စိုက်ပျိုး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဆောင်းသီးနှံများစတင်စိုက်ပျိုးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက မိုးကြိုးတွင်းကွင်း၊ ကွင်းအမှတ် ၄၁/၁၊ ဦးပိုင်အမှတ် ၁၄၃၁ တောင်သူ ဦးမောင်ဌေး၏ ယာမြေ (၅)ဧကခွဲတွင် စတင်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

တနင်္သာရီမြို့-ချောင်းငယ်ဘုန်းကြီးကျောင်း၌ အရှင်ဂါမဏိ၏ ဓမ္မသဘင်အထူးတရားပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့-ချောင်းငယ်ရပ်ကွက်ဘုန်ကြီးကျောင်း သုခချမ်းသာဓမ္မာရုံအတွင်း ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် ဆုထူးပန်ရွှေကျင် ကျောင်းတိုက်ကြီး၏ စာချဆရာတော်(သာသနဓဇဓမ္မစရိယ၊ ဝိနယဝိဒူ၊)ဘွဲ့တံဆိပ်တော်ရ အရှင်ဂါမဏိ၏ဓမ္မသဘင် အထူးတရားပွဲကို ယမန်နေ့ည ၆ နာရီအချိန်မှစ၍ ကျင်းပပြုလုပ်ရာ ဓမ္မသဘင်ပွဲသို့ မ,တည် အလှူရှင်နှင့် ရပ်ကွက်အတွင်းမှ ဗုဒ္ဓဘာသာဝင်သူတော်စင်/သူတော်ကောင်းများ အထူးများပြားစွာ တရားတော်နာလာရောက်ခဲ့ကြသည်။
Subscribe to