တောင်ကြီး နိုဝင်ဘာ ၁၉
၂၀၂၄ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် (၂)ရက် နိုဝင်ဘာလ(၁၇)ရက်ည (၁၀)နာရီက တောင်ကြီးမြို့၊ အဝေရာမီးပုံးပျံကွင်း၌ ၂၀၂၄ ခုနှစ် တောင်ကြီးတန်ဆောင်တိုင်ပွဲတော် စည်ကားသိုက်မြိုက်စွာ ပိတ်ပွဲအခမ်းအနား ကျင်းပကြောင်း သိရသည်။
ပိတ်ပွဲအခမ်းအနားတွင် တေးဂီတဖျော်ဖြေပွဲများဖြင့် ဖျော်ဖြေခြင်း၊ တိုင်းရင်းသားစာပေ ယဥ်ကျေးမှုအဖွဲ့များမှ ကပြဖျော်ဖြေကြပြီး နိုဝင်ဘာလ(၁၇)ရက်ည၏ ပြိုင်ပွဲဝင်မီးပုံးပျံများဖြစ်သော ညမီးကြီးယမ်းမီး(၂၂)ပေ မီးပုံးပျံ၊ (၄)လုံးနှင့် စိန်နားပန် မီးပုံးပျံ(၄)လုံး ပြိုင်ပွဲပါဝင်လွှတ်တင်ရာဒေသခံပြည်သူများ၊ ရပ်နီးရပ်ဝေးမှ ဧည့်ပရိတ်သတ်များ၊ ပွဲတော်လာဧည့်ပရိတ်သတ်များနှင့် ခေတ်ပေါ်တေးဂီတဝိုင်းအဆိုတော်များဖြင့် စည်ကားသိုက်မြိုက်စွာပွဲတော်ကို ပါဝင်ဆင်နွဲကြကြောင်း သိရသည်။
၂၀၂၄ ခုနှစ် တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော်အား ပိတ်သိမ်းကြောင်း ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ကြောငြာပြီး မီးရှူး၊ မီးပန်းများပစ်ဖောက်ခြင်း၊ မီးပုံးပျံအငယ်များလွှတ်တင်ခြင်း၊ ကွင်းပိတ်ပွဲစိန်နားပန်မီးပုံးပျံ (၁)လုံးလွှတ်တင်၍ တန်ဆောင်တိုင်ပိတ်ပွဲသီချင်းဖြင့် တိုင်းရင်းသားစာပေယဥ်ကျေးမှုအကအဖွဲ့နှင့် ပညာရေးဒီဂရီကောလိပ်အကအဖွဲ့တို့မှ တူညီအကဖြင့် တင်ဆက်ကြကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)