လဟယ် နို၀င်ဘာ ၂၈
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဒေသအဆင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃၄/၂၀၂၄)ကို ယမန်နေ့မွန်းလွဲ(၂)နာရီအချိန် နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ အရင်အပတ်အစည်းအဝေးဆုံးဖြတ်ချက်အပေါ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုအား ဖတ်ကြားပါသည်။ ထို့နောက် နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ(၁၅)ရက်နေ့တွင် ကျရောက်မည့် နာဂရိုးရာနှစ်သစ်ကူးပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းဆပ်ကော်မတီအလိုက် ဝိုင်း၀န်းကူညီပေးကြရန်နှင့် ပွင့်လင်းရာသီရောက်လာပြီဖြစ်၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ တင်ဒါအောင်မြင်ခွင့်ပြုဆောင်ရွက်နေကြသော ဌာနများအနေဖြင့် လုပ်ငန်းတိုးတက်မှုကို လစဉ်တင်ပြသွားရန်နှင့် သက်ဆိုင်ရာဌာနအကြီးအကဲများကိုယ်တိုင် ကြပ်မတ်ဆောင်ရွက်ရန် မှာကြားပါသည်။ ထို့နောက်နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူးဦးလင်းကိုကိုမှ ဖြည့်စွက်ဆွေးနွေးမှာကြားပါသည်။
ထို့နောက်တက်ရောက်လာကြသော ဒေသအဆင့်မြို့နယ်အဆင့်ဌာနဆိုင်ရာ တာ၀န်ရှိသူများက နာဂရိုးရာပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး မိမိဆပ်ကော်မတီအလိုက် ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများကိုလည်းကောင်း မိမိဌာနအလိုက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှုနှင့် မိမိဌာနအလိုက် လုပ်ငန်းများဆောင်ရွက်နေမှုကို ဆွေးနွေးတင်ပြကြရာ နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့၀င်များက ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရပါသည်။
မြို့နယ်(ပြန်/ဆက်)