ရန်ကုန် နိုဝင်ဘာ ၂၈
သန်လျင် (TTEC) ကိုယ်ပိုင်အထက်တန်းကျောင်း (၂၀၂၄ - ၂၀၂၅) ပညာသင်နှစ်ကျောင်းတွင်း အားကစားပြိုင်ပွဲများနှင့် ပျော်ပွဲရွှင်ပွဲဖွင့်ပွဲကို ယနေ့နံနက် (၈) နာရီတွင် သန်လျင်မြို့ သီဟဒီပ ဖူဆယ်ကွင်းရှေ့၌ ကျင်းပသည်။
ရှေးဦးစွာ ကျောင်းတည်ထောင်သူ ဦးညီပေါက်က နှုတ်ခွန်းဆက်စကားပြောကြားပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်ထွေးရင်နှင့် ဒုတိယကျောင်းအုပ် ဒေါ်ခင်ဖြူမြင့်တို့က ကျောင်းသားလူငယ်များ ကာယဉာဏ ဘက်စုံဖွံ့ဖြိုးစေရန် ယခုကဲ့သို့ ပြိုင်ပွဲများကျင်းပရခြင်း ဖြစ်ကြောင်းဖြင့် ရှင်းလင်းပြောကြားကြသည်။
ယင်းနောက် ကျောင်းသူလေးများက ပန်းဖွားအက၊ တိုက်ကွမ်ဒို သရုပ်ပြခြင်း၊ ဖူဆယ်ဘောလုံးပြိုင်ပွဲနှင့် အပြေးပြိုင်ပွဲများ ပျော်ပွဲရွှင်ပွဲများ နိဗ္ဗာန်စျေးပွဲတော်တို့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိကြောင်း သိရသည်။
ဖြိုးသီဟ(ပြန်/ဆက်)