မအူပင် နိုဝင်ဘာ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် ကြက်ဥ/ဘဲဥများ လက်ဝယ်အရောက် ရောင်းချပေးခြင်းအား ယနေ့နံနက် (၇)နာရီမှစတင်၍ အမှတ်(၃) ရပ်ကွက်၊ ကမ်းသာယာဈေးအနီးရှိ နယ်မြေမီးသတ်စခန်းရှေ့၊ အမှတ်(၂)ရပ်ကွက်ရှိ (၃)လမ်းဈေးနှင့် အမှတ်(၇)ရပ်ကွက်ရှိ ဗန္ဓာပင်ဈေးအတွင်း ရောင်းချသည်။
သက်သာသောဈေးနှုန်းဖြင့် ကြက်ဥ/ဘဲဥများ ဒေသခံပြည်သူများ လက်ဝယ်အရောက် ရောင်းချပေးမှုအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် ကြက်ခြံ/ဘဲခြံမွေးမြူရေးလုပ်ငန်းရှင်များ၊ အရောင်းဒိုင်များပူးပေါင်း၍ ကြက်ဥတစ်လုံး (၃၅၀)ကျပ်ဖြင့် အလုံး(၃၀၀၀)နှင့် ဘဲဥတစ်လုံး (၅၀၀)ကျပ်ဖြင့် အလုံး (၃၀၀)အား ပြည်သူများလက်ဝယ်အရောက် ရောင်းချပေးသည်။
အဆိုပါ ရောင်းချနေမှုအား ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇင်ဝိုင်းသက်ဦး၊ စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးအေးသိန်း၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာဇော်မျိုးမင်းနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးဖြိုးကိုကိုတို့မှ ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အောင်မြင့်မြတ်(ပြန်/ဆက်)