ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကြက်ဥများ သက်သာသော စျေးနှုန်းဖြင့် ရောင်းချ

ဆိပ်ကြီးခနောင်တို နိုဝင်ဘာ ၂၈

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်နှင့် မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်တို့ ပူးပေါင်းဆောင်ရွက်သည့်အများပြည်သူသို့ ကြက်ဥများဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းမှစ၍ ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ရောင်းချပေးရာတွင် ကြက်ဥတစ်လုံးလျှင် သက်သာသော စျေးနှုန်း ၃၈၀ ကျပ်နှုန်းဖြင့် ကြက်ဥအလုံးရေတစ်သောင်းအား မြို့နယ်အတွင်းရှိ ရပ်ကွက်များအလိုက် လူစည်ကားရာနေရာများတွင် ရပ်ကွက်တာဝန်ရှိသူများမှရပ်ကွက်နေ ပြည်သူများ လက်ဝယ်အရောက် စနစ်တကျရောင်းချပေးလျက်ရှိသည်။

အဆိုပါ ကြက်ဥများ သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေးရာသို့ ဆိပ်ကြီးခနောင်တိုမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်လှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများမှ ကြီးကြပ်၍ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မီးသတ်နှင့် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များက လိုအပ်သည်များ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဝေယံ (ပြန်/ဆက်)