သံတောင်ကြီး နိုဝင်ဘာ ၂၈
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့တွင် အသက်မွေးဝမ်းမှုအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်လျက်ရှိရာ တစ်ပိုင်တစ်နိုင်မွေးမြူရေး လုပ်ငန်းများလည်း လုပ်ကိုင်လျက်ရှိပြီး ဆိတ်မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်သူများ ပိုများလာကြောင်း သိရသည်။
ဆိတ်သည် အစာဈေးသက်သာပြီး အရင်းအနှီးအနည်းငယ်ဖြင့် မိသားစုအပိုဝင်ငွေများ ရရှိနိုင်သောကြောင့် တစ်ပိုင်တစ်နိုင် ဆိတ်မွေးမြူရေးလုပ်ငန်းကို ဒေသခံပြည်သူများအနေဖြင့် ပိုမိုလုပ်ကိုင်လာကြကြောင်း သိရသည်။ သံတောင်ကြီးမြို့တွင် လက်ရှိ ဆိတ်ထီးတစ်ကောင်လျှင် ကျပ် (၇) သိန်း၊ ဆိတ်မကြီးတစ်ကောင်လျှင် ကျပ် (၆) သိန်း၊ ဆိတ်သားပေါက်တစ်ကောင်ကို ကျပ်(၃)သိန်း ပေါက်ဈေးရှိပြီး ဆိတ်မတစ်ကောင်မှာ တစ်နှစ်လျှင် သားပေါက်နှစ်ကြိမ် ကျသောကြောင့် ဆိတ်မွေးမြူလုပ်ကိုင်သူများအတွက် တွက်ချေကိုက်သည့်လုပ်ငန်းတစ်ခုဖြစ်ကြောင်း ဆိတ်မွေးမြူလုပ်ကိုင်သူ ဒေါ်နော်အားနယ်ထံက သိရသည်။
နော်နော်မူ