ညောင်တုန်းမြို့နယ်တွင်  အခြေခံစားသောက်ကုန်များကို သက်သာသောစျေးနှုန်းဖြင့်ရောင်းချ

ညောင်တုန်း နိုဝင်ဘာ ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြို့နယ်အတွင်းရှိ ပြည်သူများအခြေခံစားသောက်ကုန်များကို သက်သာသောစျေးနှုန်းဖြင့် ဝယ်ယူစားသောက်နိုင်‌ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်း ရောင်းချပေးခဲ့သည်။

ထိုသို့ရောင်းချရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် စီးပွားရေးလုပ်ငန်းရှင်များပူးပေါင်း၍ ကြက်ဥတစ်လုံးလျှင် (၃၅၀)ကျပ်နှုန်းဖြင့် နေ့စဉ်ရောင်းချပေးလျက်ရှိပြီး အပတ်စဉ် တနင်္လာ‌နေ့၊ ဗုဒ္ဓဟူး‌နေ့နှင့် သောကြာ‌နေ့များတွင် ဆန်၊ ဆီ၊ အသားငါးနှင့် ဟင်းသီးဟင်းရွက်မျိုးစုံတို့ကို အမှတ်(၃)ရပ်ကွက် အခွန်လွတ်ဈေးတွင်လည်းကောင်း၊ အမှတ်(၉)ရပ်ကွက် အခွန်လွတ်ဈေးတွင်လည်း‌ကောင်း ပြည်သူများထံသို့ ဈေးနှုန်းသက်သာစွာ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)