သံတောင်မြို့တွင် ရော်ဘာများ ဈေးကောင်းရရှိသည့်အတွက် မိသားစုစားဝတ်နေရေး အဆင်ပြေ 

သံတောင်ကြီး နိုဝင်ဘာ ၂၈

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် တောင်ကုန်းတောင်တန်းများ ထူထပ်ပြီး သဘာဝမြေဩဇာများ ရှိသည့်အတွက် ဒေသခံပြည်များမှာ အများအားဖြင့် စိုက်ပျိုးရေးလုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်းပြုကြသည်။ ယခု နိုဝင်ဘာလအချိန်တွင် သံတောင်ကြီးဒေသရှိ ရော်ဘာစိုက်ပျိုးလုပ်ကိုင်သောတောင်သူများသည် အစေးလှီးခြင်းနှင့် ရော်ဘာပြားများထုတ်လုပ်ခြင်းလုပ်ငန်းများကို လုပ်ကိုင်နေပြီး ပြန်လည်ရောင်းချရာတွင် ရော်ဘာများ ဈေးကောင်းရရှိသည့်အတွက် မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ရော်ဘာများကို လုပ်ကိုင်ရာတွင် နံနက် (၄) နာရီအချိန်တွင် ထရပြီး ရော်ဘာခြံသို့ သွားကာ အပင်များကို ဓားဖြင့်ချစ်ရပြီး အစေ့များကို သိမ်းယူပေးရသည်။ သိမ်းယူပြီးသော ရော်ဘာစေ့များကို အက်စစ်နှင့်ရော၍ ရော်ဘာ ခွက်ထဲသို့ထည့်ကာ စက်ဖြင့် ပြန်လည်ကြိတ်ပေးရပြီး ရော်ဘာပြားရရှိကာ နေပူဖြင့် ပြန်လည်အခြောက်လှန်းပေးရသည်။

အဆိုပါ ရော်ဘာတစ်ပြားလျှင် နှစ်ပေါင်ခွဲ၊ သုံးပေါင်ထိရှိပြီး ယခုအချိန်တွင် ရော်ဘာတစ်ပေါင်လျှင် ကျပ် (၂၈၀၀) မှ ကျပ် (၃၀၀၀) ထိရရှိပြီး ဈေးကောင်းရရှိလျက်ရှိကြောင်း ရော်ဘာပြားများကို တောင်ငူမြို့ရှိ အဝယ်ဒိုင်များတွင် သွားရောက်ရောင်းကြကြောင်း  ရာဘာလုပ်ကိုင်ပြုလုပ်သော‌ ဒေသခံတစ်ဦးထံက သိရသည်။

နော်နော်မူ