မြဝတီမြို့၌  မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ကြရေး နှိုးဆော်ခြင်းများ ဆောင်ရွက်

မြဝတီ နိုဝင်ဘာ ၂၈

ယခုအခါ ပွင့်လင်းရာသီရောက်ရှိလာပြီးဖြစ်၍ နိုင်ငံပိုင်စက်ရုံ၊ အလုပ်ရုံများ၊  ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်များ  မီးဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုမဖြစ်စေရန် ကြိုတင်ကာကွယ်ခြင်းအနေဖြင့် သတိပေးနှိုးဆော်ခြင်းများကို ယမန်နေ့ ညပိုင်းက ကရင်ပြည်နယ်၊ မြဝတီမြို့နယ် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများသည် အမှတ် (၂) ရပ်ကွက်အတွင်း၌  လှည့်လည်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထို့သို့နှိုး‌ဆော်ခြင်းများဆောင်ရွက်ပေးရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးကျော်ဇင်ဟိန်း ဦးဆောင်သော တပ်ဖွဲ့ဝင်များသည် ပွင့်လင်းရာသီကာလရောက်ရှိပြီးဖြစ်၍ မီးဘေးအန္တရာယ်ကြိုတင်သတိပြုကြစေလိုကြောင်း၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ခြင်းအနေဖြင့် အိမ်တိုင်းတွင် မီးသတ်ဆေးဘူး၊ ရေပုံး၊ သဲအိတ်၊ မီးချိတ်၊ မီးကပ်များ အဆင့်သင့်ထားရှိရန်လိုကြောင်း၊ လျှပ်စစ်မီးသုံးစွဲရာတွင် ပေါ့ဆမှုကြောင့် လျှပ်စစ်ဝါယာမှတစ်ဆင့် မီးလောင်မှုဖြစ်ပွားနိုင်ကြောင်း၊ ထင်း/ မီးသွေးများ သုံးစွဲရာတွင် မီးကြွင်းမီးကျန်များ မကျန်ရှိစေရန်နှင့် အဆိုပါ မီးကြွင်းမီးကျန်များမှတစ်ဆင့် မီးကူးစက်၍ မီးလောင်မှုများဖြစ်ပွားနိုင်သောကြောင့် ပြည်သူတစ်ဦး/ တစ်ယောက်ချင်းမှစ၍ သတိပြုကြစေလိုကြောင်းတို့ကို နှိုးဆော်ပေးသည်။ အလားတူကျန်ရှိသည့် မြို့ပေါ်ရပ်ကွက်များတွင်လည်း  မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သတိပေးနှိုးဆော်ခြင်းများ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဇာဖြူဝင်း(မြဝတီ