ပဲခူး နိုဝင်ဘာ ၂၈
ပဲခူးမြို့၊ ဇိုင်းဂနိုင်းတောင်ပိုင်းရပ်ကွက်၊ ဖောင်တော်ဦးဘုရားလမ်းရှိ ကောင်းသုခအထွေထွေရောဂါကုဆေးရုံ၏ ဆေးဆိုင်တွင် ဆေးဝါးထားသိုမှု ဖြန့်ဖြူးရောင်းချမှုစနစ်တို့သည် သက်မှတ်ချက်နှင့်အညီ ကိုက်ညီမှုရှိ/မရှိအား ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
အဆိုပါကွင်းဆင်းစစ်ဆေးရာ၌ ပဲခူးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအစားအသောက်နှင့်ဆေးဝါးကွပ်ကဲမှုဦးစီးဌာနမှ တိုင်းဦးစီးမှူးနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနာမှ ဝန်ထမ်းများပါဝင်သည့် အဖွဲ့က ဆေးဝါးထားသိုမှု ဖြန့်ဖြူးရောင်းချမှုစနစ်တို့သည် သက်မှတ်ချက်နှင့်အညီ ကိုက်ညီမှုရှိ/မရှိ စစ်ဆေးခဲ့ရာ ကောင်းသုခအထွေထွေရောဂါကုဆေးရုံ၏ ဆေးဆိုင်သည် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ကိုက်ညီမှုရှိကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင် (ပြန်/ဆက်)