ဒက္ခိဏသီရိမြို့နယ်၌ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်‌ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ဒက္ခိဏသီရိမြို့နယ်၊ အမှတ်(၁၈)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပသည်။

မြို့သစ်မြို့နယ် အခြေခံပညာကျောင်းများတွင် ကျောင်းမုန့်စျေးတန်းစစ်ဆေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းများ ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့ပေါ်ရှိ အခြေခံပညာကျောင်းများတွင် ရောင်းချနေသည့် ကျောင်းမုန့်စျေးတန်းများစစ်ဆေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းများကို ယမန်နေ့နံနက်ပိုင်းက ဌာနဆိုင်ရာပူးပေါင်းအဖွဲ့က ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

နတ်မောက်မြို့နယ်၌ စပါးမျိုး (၁၀) မျိုးယှဉ်ပြိုင်စမ်းသပ်ကွက်၌ စပါးရိတ်သိမ်းပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၌ စပါးမျိုး(၁၀)မျိုး ယှဉ်ပြိုင်စမ်းသပ်ကွက်၌ စပါးရိတ်သိမ်းပွဲကို ယမန်နေ့ နံနက်ပိုင်းက စာရံအိုင့်ကျေးရွာ ကွင်းအမှတ် (၈၃၆) ဦးပိုင်အမှတ် (၉၉)၊ ဧက(၂)ဧက မျိုးကွဲစမ်းသပ်ကွက်၌ စပါးရိတ်သိမ်းပွဲကျင်းပခဲ့သည်။

ကျိုင်းတုံမြို့၌ မိုင်းအခြေခံ(ဆင့်ပွား)သင်တန်း  အမှတ်စဉ် (၁/၂၀၂၄)ဆင်း

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့(ကျိုင်းတုံ)မှ ကြီးမှူးဖွင့်လှစ်သည့် မိုင်းအခြေခံ(ဆင့်ပွား)သင်တန်း အမှတ်စဉ်(၁/၂၀၂၄)ဆင်းပွဲကို ယနေ့က ကျိုင်းတုံမြို့၊  အမှတ်(၁) ရပ်ကွက်၊ သစ်တစ်ပင်တောင်၊ မြဝတီရဲသင်တန်းခန်းမ၌ ကျင်းပခဲ့သည်။

ဧရာဝတီတိုင်ဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်

ကြံခင်းမြို့၊ အခြေခံပညာနှင့် စက်မှုစိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်း(ချင်းမြောင်)တွင် ကျင်းပပြုလုပ်သော စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့နေ့လယ်ပိုင်းက ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးခင်မောင်ကြည်နှင့် တာဝန်ရှိသူများ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

သာပေါင်းမြို့နယ်၌ စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ သဲဖြူကျေးရွာအုပ်စုနှင့် အောင်တပ် ကျေးရွာအုပ်စုတို့တွင် နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သောစစ်ကြောင်းကြီး (၅)ကြောင်းဖြင့် ဒေသဖွံ့ဖြိုးတိုးတတ်ရေးလုပ်ငန်းများ ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြသည်။

အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ဇော်မင်းလတ် ဟိုပုံးမြို့နယ်၌  ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၅) သင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၅/၂၀၂၄) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် (၇) နာရီခွဲအချိန်က တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်းရှိ စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်သည်။ 

မိုင်းယုဒေသ၌ ဆောင်းသီးနှံ ရွှေဖရုံ၊ ငရုတ်နှင့် အစေ့ထုတ်ပြောင်းများစိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်း

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် ဒေသခံတောင်သူများ စိုက်ပျိုးလျက်ရှိသည့် တစ်ပိုင်တစ်နိုင် ဆောင်းသီးနှံများဖြစ်သည့် ကြက်သွန်၊ ငရုတ်၊ အာလူး၊ ခရမ်း၊ ခရမ်းချဉ်၊ ပဲအမျိုးမျိုးတို့အနက်မှ စီးပွားအဖြစ်စိုက်ပျိုးသည့် ရွှေဖရုံ၊ ငရုတ်နှင့် အစေ့ထုတ်ပြောင်းများကို ယခုဆောင်းရာသီ၌ အောင်မြင ဖြစ်ထွန်းနေလျက်ရှိသည်။

ဒက္ခိဏသီရိမြို့နယ်၌ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်‌ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိ ပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက ဒက္ခိဏသီရိမြို့နယ်၊ ဒိုးနွယ်အုပ်စု အ.ထ.က.(ခွဲ) ရွာသစ်တွင် ကျင်းပသည်။

ကျိုင်းတုံမြို့၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၅/၂၀၂၄)သင်တန်းဆင်း

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ပြည်သူ့စစ်မှုထမ်း အမှတ်စဉ် (၅/၂၀၂၄) သင်တန်းဆင်းပွဲကို ယနေ့က အမှတ်(၁၁)တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်းတွင်ကျင်းပရာ တြိဂံဒေသတိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီး ကျော်နိုင်စိုးနှင့်အဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)အဖွဲ့ဝင်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုးဝေနှင့်အဖွဲ့ဝင်များ၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
Subscribe to