လိပ်သို နိုဝင်ဘာ ၂၈
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသတွင် ဥယျာဉ်ခြံမြေများ၊ တောတောင်များ၌ သဘာဝအလျောက် ရှင်သန်ပေါက်ရောက်လျက်ရှိသော ဝဥပင်များမှ ဝဥများအား ရှာဖွေတူးဖော် ရောင်းချခြင်းဖြင့် ဒေသခံများ အပိုဝင်ငွေရရှိလျက်ရှိကြောင်း သိရသည်။
ဝဥများကို ဒေသတွင်းတွင် တစ်ပိဿာကို (၁၀၀ဝိ/-) ကျပ်နှင့် ခွဲခြမ်းအခြောက် ပြုလုပ်ပြီးသော ဝဥခြောက်များကို (၄၀၀ဝိ/-) ကျပ်ဖြင့် ဝယ်ယူလျက်ရှိပြီး တောင်ငူမြို့ရှိ ဝယ်လက်များထံသို့ ပို့ဆောင်ရောင်းချလျက်ရှိသည်။
ဒေသတွင်း၌ တောင်သူအချို့က ဝဥစိုက်ပျိုးခြင်းအား တစ်နိုင်တစ်ပိုင်အပြင် စီးပွားဖြစ် စမ်းသပ်စိုက်ပျိုးလျက်ရှိကြသော်လည်း အောင်မြင်မှုမရရှိကြသေးကြောင်းနှင့် နည်းစနစ် မှန်ကန်စွာ စိုက်ပျိုးနိုင်ရန်လိုအပ်လျက်ရှိကြောင်း ၀ဥစမ်းသပ်စိုက်ပျိုးသူ တောင်သူတစ်ဦးထံမှ သိရသည်။
ခင်လေးနွယ်