သံတောင်ကြီးမြို့နယ် Community Centre ခန်းမတွင် Book  Club များက စာဖတ်ဝိုင်းပြုလုပ်

သံတောင်ကြီး နိုဝင်ဘာ ၂၈

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် စာဖတ်ခြင်း၏ အကျိုးကျေးဇူး သိရှိလာစေရန်နှင့် အသိပညာဗဟုသုတကြွယ်ဝလာစေရန် ရည်ရွယ်ပြီး Book Club အဖွဲ့ဝင်များက စာရေးဆရာ ခင်စေတင့်၏ စွန့်စားမှုဆီသို့ခြေတစ်လှမ်းစာအုပ်အား ယနေ့နံနက် (၁၀)နာရီက သံတောင်ကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမတွင် စာဖတ်ဝိုင်း ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်နော်လော်မူက စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်များရှင်းလင်းပြောကြားပြီး နော်အေးပုလဲ (Book Club) အဖွဲ့ဝင်က စာအုပ်ပါအကြောင်းအရာတွင် ခေါင်းစဉ်ငယ်ဖြစ်သည့် လမ်းလျှောက်ထွက်မယ်၊ သိုက်မြုံမှခွာသောအခါ၊ လျှို့ဝှက်ဆန်းကြယ်လပြည့်ညဝယ်၊ ရှုမဆုံးတော့သည် စသည့် အကြောင်းအရာများကို ဖတ်ကြားဆွေးနွေးခဲ့ကြောင်းသိရသည်။

ဆက်လက်ပြီး စောအယ်ကလိုက (Book  Club) အဖွဲ့ဝင်က  စကားပြောဖို့ခလုတ်နှိပ်ပါ၊  မျှော်လင့်ချက်၊ မွေးမေမေနဲ့ကျွေးမေမေ၊ လူတန်းစားအလွှာမခြားနားစေရန်၊ ဘာကြောင့်မေ့တာလဲ၊ ရှင်သန်တိုးပွားချစ်ခြင်းတရား စသည့် အကြောင်းအရာများကို ဖတ်ကြားဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် Book Club အဖွဲ့ဝင်များက စာအုပ်ပါကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။

နော်နော်မူ