ကရသူရိ နိုဝင်ဘာ ၂၈
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ ကျောင်းသား/သူများ အသိပညာဗဟုသုတတိုးပွားရေး Mobile Library စနစ်ဖြင့် စာအုပ်/ စာစောင်များ လက်ဝယ်အရောက် ငှားရမ်းပေးခြင်းကို ယနေ့နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျောင်းသား/ သူများ အားလပ်သည့်အချိန်များတွင် မိမိဝါသနာထုံရာများကို စာအုပ်/ စာပေများဖတ်ရှုခြင်းဖြင့် ရရှိနိုင်မည့်အကျိုးကျေးဇူးများနှင့် စာဖတ်ဝါသနာရှင်များတိုးတက်ရေး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးနှင့် ဝန်ထမ်းများက လက်ဝယ်အရောက် ငှားရမ်းပေးခြင်းဖြစ်ရာ အဆိုပါငှားရမ်းရာ၌ သုတ/ရသ၊ မဂ္ဂဇင်း၊ ဂျာနယ်၊ ဝတ္ထု၊ ရုပ်ပြ၊ ကာတွန်းနှင့် အထွေထွေဗဟုသုတစာအုပ်များ ငှားရမ်းပေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)