အမရပူရ နိုဝင်ဘာ ၂၈
မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် ဒီဇင်ဘာလ ၆ ရက်နေ့တွင် ကျင်းပမည့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အကြို အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီခွဲအချိန်က အဆိုပါ ကျောင်းပင်မဆောင်စာသင်ခန်း၌ ကျင်းပခဲ့သည်။
အဆိုပါ စာစီစာကုံးပြိုင်ပွဲတွင် အမရပူရမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများက ဝင်ရောက်ယှဥ်ပြိုင်ကြရာ အထက်တန်းဆင့် စာစီစာကုံးပြိုင်ပွဲတွင် စာပေမြင့်မှ လူမျိုးဂုဏ်တင့်မည် ခေါင်းစဥ်ဖြင့် ကျောင်းသား၊ကျောင်းသူ ၁၄ ဦး၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် စာအုပ်စာပေလူ့မိတ်ဆွေခေါင်းစဥ်ဖြင့် ကျောင်းသား၊ကျောင်းသူ ၂၀ ဦးတို့ ဝင်ရောက်ယှဥ်ပြိုင်ကြောင်း သိရသည်။ ပြိုင်ပွဲများမှ ဆုရရရှိသည့် ကျောင်းသား၊ကျောင်းသူများကို ဒီဇင်ဘာလ ၆ ရက်နေ့ ကျင်းပမည့် ကျောင်းစာကြည့်တိုက် ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်နေ့တွင် ဆုများ ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
စိုးသီဟ(အမရ)