ဥတ္တရသီရိမြို့နယ်၌ မီးဘေးလုံခြုံရေးဆိုင်ရာ စစ်ဆေးခြင်း၊ အသိပညာပေးခြင်းနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်၌ မီးဘေးလုံခြုံရေးဆိုင်ရာ စစ်ဆေးခြင်း၊ အသိပညာပေးခြင်းနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက်ပိုင်းက ဇဝနသိဒ္ဓိရပ်ကွက်၊ ရွှေသဇင်ဈေးတွင် ဆောင်ရွက်ခဲ့သည်။

လယ်ဝေးမြို့နယ်အတွင်း ၂၀၂၄-၂၀၂၅ ဆောင်းသီးနှံ မတ်ပဲ၊ နေကြာ ၄:၁ စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲနှင့် မဲခေါင်လန်ချန်းစီမံကိန်း ဆောင်းပဲပုပ်မျိုးပေးအပ်ခြင်းများဆောင်ရွက်

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ သစ်ဆိမ့်ပင်ကျေးရွာအုပ်စု၊ တောင်သူပညာပေးစံပြကွက်နှင့် အဆင့်မြင့်လယ်ယာမြေဧက(၂၀၀) ရှင်းလင်းဆောင်တွင် မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ်စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော ၂၀၂၄-၂၀၂၅ ခုနှစ်၊ ဆောင်းသီးနှံ မတ်ပဲနှင့် နေကြာ ၄:၁ စိုက်ပျိုးမှု သရုပ်ပြပွဲနှင့် မဲခေါင်-လန်ချန်းစီမံကိန်းဖြင့် ဆောင်းပဲပုပ်မျိုးနှင့်သွင်းအားစုများပေးအပ်ပွဲကျင်းပသည်။

ပေါင်းတည်၌ ထူးချွန်တောင်သူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲနှင့် ကောက်စိုက်စက်အစေ့ချကိရိယာ Drum Seeder များ ပေးအပ်ပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ နိုဝင်ဘာ ၂၉ ရက် နံနက်ပိုင်းက ပန်းတိုင်အထွက်နှုန်းနှင့်သီးထပ်သီးနှံစိုက်စွမ်းအား တိုးတက်ရရှိစေရန် ဆောင်ရွက်နိုင်ခဲ့သည့် တောင်သူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲနှင့်တောင်သူများအား ကောက်စိုက်စက်၊ Drum Seeder ပေးအပ်ပွဲအခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နဝရတ်ခန်းမဆောင်တွင် ကျင်းပပြုလုပ်သည်။

သန်လျင်မြို့မဈေးကြီး မီးဘေးကြိုတင်ကာကွယ်ရေးဇာတ်တိုက်သရုပ်ပြလေ့ကျင့်

သန်လျင်ခရိုင်၊ သန်လျင်မြို့ မြို့မဈေးကြီမီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဇာတ်တိုက်သရုပ်ပြလေ့ကျင့်ခြင်းကို ယနေ့နံနက် ၈ နာရီတွင် သန်လျင်မြို့မဈေးကြီး၌ ကျင်းပသည်။

ကျောက်တန်းမြို၌ ငါးလုပ်ငန်းဦးစီးဌာနနှင့် နေကြာပန်းထရေးဒင်းကုမ္ပဏီတို့ ပူပေါင်း၍ (GAqP) သင်တန်းဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၌ ငါးလုပ်ငန်းဦးစီးဌာနနှင့် နေကြာပန်းထရေးဒင်းကုမ္ပဏီတို့ ပူးပေါင်း၍ ကောင်းမွန်သော ရေသတ္တဝါမွေးမြူရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (GAqP) သင်တန်းဖွင့်လှစ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ကျောက်တန်းမြို့နယ် နေကြာပန်းထရေးဒင်းကုမ္ပဏီ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဆေးဝါးတက္ကသိုလ်(မန္တလေး)၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်ရှိ ဆေးဝါးတက္ကသိုလ်၊ မန္တလေး၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ပထမနှစ်(၁၁/၂၀၂၄)သင်တန်းသို့ တက်ရောက်ခွင့်ရသည့် မောင်မယ်သစ်လွင် ကျောင်းသား/သူများအား ကြိုဆိုပွဲအခမ်းအနားကို ယမန်နေ့ နံနက်(၁၀:၀၀)နာရီက တက္ကသိုလ်၏ ဇီဇဝါခန်းမ၌ ကျင်းပသည်။

မိုင်းပန်မြို့နယ်၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လက်သမား၊ ပန်းရံသင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာစေရန်အတွက် မြို့နယ်ကျေးလက်ဒေသဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လက်သမား၊ ပန်းရံသင်တန်းဖွင့်ပွဲ အခမ်းအနားကို နိုဝင်ဘာလ ၁ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ရာ သင်တန်းဆင်းပွဲအခမ်းအနားကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့ကြသည်။

မိုင်းယောင်းမြို့၌ အခြေခံအပ်ချုပ်စက်သင်တန်းဖွင့်ပွဲ ကျင်းပ

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက ဝမ်ဘိုးအုပ်စု၊ ဖကျောက်ကျေးရွာ(Smart Village)၌ ကျင်းပခဲ့သည်။

ဥတ္တရခရိုင်ပြည်သူ့စာကြည့်တိုက်၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များပူးပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါရုံး ပြည်သူ့စာကြည့်တိုက်၌ ကျင်းပသည်။
Subscribe to