ကသာခရိုင် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်း ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်းကာ စာပေဖတ်ရှုသည့် အလေ့အထကောင်းများ ရရှိစေရန်နှင့် စာဖတ်ရှိန်မြင့်မားစေရန် ရည်ရွယ်၍ စာရေးဆရာ ရန်ကုန်ဘဆွေရေးသားသည့် “မြန်မာပြည်သား” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ နံနက် (၁၁) နာရီအချိန်က ပြုလုပ်ခဲ့သည်။

တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်​မောင်ဝင်း ပုသိမ်မြို့တွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေး

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ်(၂၆) မြို့နယ်နှင့် ရပ်ကွက်၊ ကျေးရွာများသန့်ရှင်းသာယာလှပ​ရေး၊ ဘုရား​စေတီပုထိုးများ၊ ဘုန်း​တော်ကြီး​ကျောင်းများ၊ စာသင်​ကျောင်းများ၊ ​ဆေးရုံများနှင့် လမ်း​ဘေးဝဲယာများတွင် အိမ်၊ လမ်း၊ ရွာ၊ ​ကျောင်း သန့်ရှင်းသာယာလှပရေးအတွက် တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများမှ အပတ်စဉ်စနေ့နေ့တိုင်း စုပေါင်းသန့်ရှင်းရေးကို ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယမန်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ပုသိမ်မြို့အတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။

ကျုံပျော်မြို့တွင် ပြည်သူများအား ကြက်ဥ ဘဲဥများ သက်သာသောနှုန်းထားဖြင့် လှည့်လည်ရောင်းချပေး

ပြည်သူများ စားဝတ်နေရေး တဖက်တစ်လမ်းမှ အဆင်ပြေစေရန်အတွက် အခြေခံစား‌သောက်ကုန်များဖြစ်သော ကြက်ဥ၊ဘဲဥများအား သက်သာသောနှုန်းထားဖြင့် ရောင်းချပေးခြင်းကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၌ ယမန်နေ့က ဆောင်ရွက်ခဲ့သည်။

ကယားပြည်နယ်ဝန်ကြီးချုပ် သူနာပြုနှင့် သားဖွားသင်တန်းကျောင်းနှင့် ပြည်နယ်ပြည်သူ့ဆေးရုံကြီးသို့ ကြည့်ရှုစစ်ဆေး

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံကျောင်းများနှင့် သင်တန်းကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး  စီမံဆောင်ရွက်လျက်ရှိရာ တက္ကသိုလ်များနှင့် ကောလိပ်ကျောင်းများ ဖွင့်လှစ်လျက်ရှိပြီး ထပ်မံဖွင့်လှစ်မည့် သင်တန်းကျောင်းများကိုလည်း စနစ်တကျ ပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်အတူ ယနေ့နံနက်ပိုင်းက သူနာပြုနှင့် သားဖွားသင်တန်း ကျောင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ပြည်သူများ အားဈေးနှုန်းသက်သာစွာဖြင့် ကြက်ဥများ လှည့်လည်ရောင်းချပေး

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်တွင် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးအနေဖြင့် အမှတ် (၂၂၂)၊ တော်ဝင်လမ်း (၇)ရပ်ကွက်၊ ရွှေပြည်သာမြို့နယ်ရှိ စည်သူကို ကြက်ဥရောင်းဝယ်ရေးမှ ကြက်ဥ အလုံးရေ (၁၀၀၀၀) ထုတ်ယူရရှိခဲ့ပါသည်။

မြစ်သားမြို့နယ် အခြေခံပညာနှင့် စက်မှုစိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်းတွင် သားအိမ်ခေါင်းကင်ဆာနှင့် ဆုံဆို့၊ မေးခိုင်ရောဂါကာကွယ်ဆေး ထိုးနှံခြင်း အခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့ အခြေခံပညာနှင့်စက်မှုစိုက်ပျိုး မွေးမြူရေးအထက်တန်းကျောင်းတွင် သားအိမ်ခေါင်းကင်ဆာနှင့် ဆုံဆို့၊ မေးခိုင် ရောဂါကာကွယ်ဆေး ထိုးနှံခြင်းအခမ်းအနားကို  ယမန်နေ့ နံနက်ပိုင်းက အဆိုပါကျောင်း ကျန်စစ်သားခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

၂၀၂၄ ခုနှစ်၊ ရိုးရာကောက်သစ်စားပွဲတော် (ကျေးဇူးတော်ချီးမွမ်းပွဲ) ကျင်းပပြုလုပ်၊ ဧရာဝတီမြစ်ကမ်းဘေး အင်ဂျန်းခချောင်းဆုံနေရာတွင် အပန်းဖြေစခန်းနှင့် ကျောက်စီမြေထိန်းတမံ တည်ဆောက်နိုင်ရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်

ကချင်ပြည်နယ်အတွင်း ဆန်စပါးရိတ်သိမ်းပြီးချိန်တွင်  တစ်နှစ်တာအတွင်း တောင်သူတို့၏ လယ်ယာမှ ဦးစွာရရှိသော ကောက်ဦးစပါးပေါ်ချိန် အင်လုံအင်နန်ရှားပွဲဟု ခေါ်ဆိုသည့် ရိုးရာ ကောက်သစ်စား ကျေးဇူးတော် ချီးမွမ်းပွဲတော်ကို နှစ်စဥ် ကျင်းပလေ့ရှိရာ ယခုနှစ် ၂၀၂၄ ခုနှစ်၊ ရိုးရာကောက်သစ်စားပွဲတော် (ကျေးဇူးတော်ချီးမွမ်းပွဲ) အခမ်းအနားကို ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ ဌာနဆိုင်ရာများ၊ တိုင်းရင်းသားစာပေနှင့် ရိုးရာယဉ်ကျေးမှုအဖွဲ့များ၊ ဒေသခံတောင်သူများ စုပေါင်းကာ နိုဝင်ဘာ ၃၀ ရက် နံနက် ၈ နာရီခွဲက ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့ မြက်ခင်းပြင်၌ ရိုးရာအစဉ်အလာနှင့်အညီ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြသည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ (၁၂)ကြိမ်မြောက် စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အခမ်းအနား ကျင်းပပြုလုပ်

ဝေါမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အခမ်းအနားအား ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မော်လမြိုင်မြို့၊ တောင်ရိုးတန်းလမ်း၊ View Point အနီးပတ်ဝန်းကျင်၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကြည့်ရှုအားပေး

မော်လမြိုင်မြို့၊ တောင်ရိုးတန်းလမ်း၊ View Point အနီးပတ်ဝန်းကျင်၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ပြုလုပ်ဆောင်ရွက်ရာ ပြည်နယ်၀န်ကြီးချုပ်ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများကကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း အခြေခံပညာအထက်တန်းဆင့်သင်ဆရာ/ဆရာမများ သင်ထောက်ကူလက်တွေ့အသုံးချသင်ကြားမှု အရည်အသွေးမြှင့်တင်ရေး (ပြည်နယ်အဆင့်) သင်တန်းဖွင့်ပွဲ အခမ်းအနား တက်ရောက်

မွန်ပြည်နယ် (၂၀၂၄-၂၀၂၅) ပညာသင်နှစ်၊ အခြေခံပညာအထက်တန်း သိပ္ပံဘာသာရပ်များ အတွက် သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချသင်ကြားနိုင်ရေး အရည်အသွေးမြှင့် မွမ်းမံ သင်တန်း (ပြည်နယ်အဆင့်) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ အမှတ်(၁၀)အခြေခံပညာအထက်ကျောင်း၊ မြတ်ပန်းမာလာခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့သည်။
Subscribe to