ပွင့်ဖြူမြို့နယ် ဆည်မုန်းကျေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်နေမှု ၆၅ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီး

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုဘတ်ဂျတ် ခွင်ပြုရန်ပုံငွေဖြင့် ဆည်မုန်းကျေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်း အကောင်ထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအခါ လုပ်ငန်းများ ၆၅ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။

ကမာရွတ်မြို့နယ်တွင် လူငယ်နှင့်မူးယစ်ဆေးဝါအကြောင်းTalk Show ကျင်းပ

ကမာရွတ်မြို့နယ်တွင် လူငယ်နှင့်မူးယစ်ဆေးဝါအကြောင်းTalk Show ကျင်းပ ကမာရွတ် ဒီဇင်ဘာ ၁ စိမ်းလဲ့

ဒေးဒရဲမြို့နယ်၌ ပြည်သူများအား အခြေခံစားသောက်ကုန်များ စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ပြည်သူများအခြေခံစားသောက်ကုန်များကို စျေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရန် ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်ဌာနဆိုင်ရာများနှင့် လုပ်ငန်းရှင်များ ပူးပေါင်း၍ အခြေခံစားသောက်ကုန်များအား စျေးနှုန်းသက်သာစွာ ရောင်းချခြင်းအား ယနေ့နံနက်ပိုင်းက စတင်၍ လူစည်ကားရာနေရာဖြစ်သည့် မြို့မစျေး၌ ပြည်သူများအား  ကြက်သား၊ ငါးနှင့် ကြက်ဥ၊ ဘဲဥများအား ပြင်ပပေါက်စျေး​ထက် သက်သာသော နှုန်းထားဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

ကျိုင်းတုံမြို့၌ ၂၀၂၄ ခုနှစ် ရှမ်းတိုင်းရင်းသားများ၏ နှစ်သစ်ကူးပွဲတော် ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ရှမ်းတိုင်းရင်းသားများ နှစ်သစ်ကူးပွဲတော်ကို နိုဝင်ဘာ ၃၀ ရက်က ပြည်နယ်အားကစားကွင်း၌ ကျင်းပရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးလှိုင်၊ ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ ရှမ်းနှစ်သစ်ကူးပွဲတော် ဖြစ်မြောက်ရေးကော်မတီ နာယက ဒေါက်တာ စဝ်လင်းဆိုင်ဟွန်းနှင့် ဦးစိုင်းတစ်အွမ်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း အမှတ်စဉ် ၂/၂၀၂၄ သင်တန်းဆင်းပွဲကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း အမှတ်စဉ် ၂/၂၀၂၄ သင်တန်းဆင်းပွဲကို ယမန်နေ့ ညနေ ၃ နာရီက အမှတ် (၅) အခြေခံပညာ အထက်တန်းကျောင်း၊ စိန်မြင်းမိုရ်ခန်းမ၌ ကျင်းပသည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့၊ မြို့သစ်ရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)အတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှု လိုက်လံကြည့်ရှုအားပေး

မုံရွာမြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်းများတွင် ပညာသင်ကြားနေသည့် ကျောင်းသား/သူများ စိတ်အေးချမ်းသာစွာဖြင့် ကျန်းမာသန်စွမ်းစွာ ပညာသင်နိုင်ရေးအတွက် ယမန်နေ့ နံနက်ပိုင်တွင် မုံရွာမြို့၊ မြို့သစ်ရပ်ကွက်ရှိ အခြေခံ ပညာအလယ်တန်းကျောင်း(ခွဲ) ဝန်းအတွင်းရှိ သစ်ပင်ခြုံနွယ်များ၊ ပေါင်းမြက်များခုတ်ထွင် ရှင်းလင်းခြင်း၊ ခြင်များပေါက်ပွားနိုင်သည့် ရေနုတ်မြောင်းများ ရေစီးရေလာ ကောင်းမွန်စေရေးတို့အတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ လူမူရေးအသင်းအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား/သူများမှ စုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ကြသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့ပေါ်ရှိ ဈေးများအဆင့်မြှင့်တင် နေမှုလုပ်ငန်းများဆောင်ရွက်နေမှု လိုက်လံကြည့်ရှုစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်ရှိ အောင်ချမ်းသာဈေးသို့ရောက်ရှိရာ မုံရွာမြို့နယ်အမှုဆောင်အရာရှိ ဦးထွန်းထွန်းက ဈေးဆိုင်ခန်းများ၌ ဈေးသည်များ ဈေးရောင်းချနေမှု အခြေ အနေများနှင့် ကာလကြာမြင့်ပြီဖြစ်သည့် သံဖရိမ်ဈေးရုံ အလျား - ၁၀၂ ပေ၊ အနံ - ၅၁ ပေ ရှိဈေးရုံ၊ သစ် သားဈေးရုံ - ၆ ရုံ၊ သားငါးတန်း၊ သစ်သီးတန်းဈေးရုံများ ပြန်လည်ပြုပြင်တည်ဆောက် ပြီးစီးမှုအခြေအနေများ၊ ဈေးအတွင်းရေစီးရေလာကောင်းမွန်ရေး ရေနှုတ်မြောင်းများ ပြန်လည်တူးဖော်နေမှုနှင့် ဈေးကြီးအားခြံစည်းရိုးကာရံနေမှု လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

တိုက်ကြီးမြို့နယ်၌ လူနှင့်တောဆင်အကြား ပဋိပက္ခလျော့နည်းစွာနေထိုင်နိုင်ရေး အသိပညာပေးခြင်းနှင့်ဖြေရှင်းနိုင်မည့်နည်းလမ်းများ ဆွေးနွေးပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်တွင် လူနှင့်တောဆင်အကြား ပဋိပက္ခလျော့နည်းစွာ နေထိုင်နိုင်ရေးအသိပညာပေးခြင်းနှင့် ဖြေရှင်းနိုင်မည့်နည်းလမ်းများဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

တနင်္သာရီတိုင်းဒေသကြီး ဓာတ်သတ္တု(ရွှေ)ရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်း ကနဦးစိစစ်ရေး အဖွဲ့မှ လုပ်ငန်းလိုင်စင်လျှောက်ထားမှုနှင့်စပ်လျဉ်း၍ လုပ်ထုံးလုပ်နည်းများ ရှင်းလင်းဆွေးနွေး

တနင်္သာရီတိုင်းဒေသကြီး ဓာတ်သတ္တု(ရွှေ)ရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်း ကနဦးစိစစ်ရေးအဖွဲ့မှ လုပ်ငန်းလိုင်စင်လျှောက်ထားမှုနှင့်စပ်လျဉ်း၍ ဓာတ်သတ္တု(ရွှေ) ရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်း လိုင်စင်လျှောက်ထားမည့် ရွှေဆိုင်လုပ်ငန်းရှင်များအား လုပ်ထုံးလုပ်နည်းများ  ရှင်းလင်းဆွေးနွေးခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက မြိတ်မြို့ ပုလဲရတနာခန်းမတွင် ပြုလုပ်ခဲ့သည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်အတွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုနှင့် ဒေသဖွံဖြိုးတိုးတက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းတွင် ဇေယျာသီရိမြို့နယ် ခုတင် ၅၀ ဆံ့ ပြည်သူ့ဆေးရုံ၏ အတွင်း၊ အပြင်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ ဌာနဆိုင်ရာများမှဝန်ထမ်းများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ ကျန်းမာရေးဝန်ထမ်းများ၊ သူနာပြုများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများက ဆေးရုံအတွင်း၊ အပြင်ပတ်ဝန်းကျင်သန်ရှင်းသာယာရေး၊ သစ်ပင်များအားအလင်းဖွင့်ခြင်း၊ သစ်ကိုင်းရှင်းလင်းခြင်း၊ ချုံနွယ်များ၊ ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေးတို့အတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကိုကြည့်ရှုအားပေးပြီး စိမ်းလန်းစိုပြည်ပြီး သန့်ရှင်းသာယာလှပရေးကို အမြဲမပြတ်ဆောင်ရွက်ရေး၊ ရေစီးရေလာကောင်မွန်စေရေးနှင့် လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြား သည်။
Subscribe to