တောင်တွင်းကြီးမြို့နယ်တွင် အသက် (၆၂) နှစ်ပြည့် အငြိမ်းစားဆရာကြီး၊ ဆရာမကြီးများအား (၁၆ )ကြိမ်မြောက် အာစရိယပူဇော်ပွဲအခမ်းအနား ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တွင် အသက် (၆၂) နှစ်ပြည့် အငြိမ်းစားဆရာကြီး၊ ဆရာမကြီးများအား (၁၆) ကြိမ်မြောက် အာစရိယပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်က မြို့မအခြေခံပညာအလယ်ကျောင်း ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့သည်။

လသာမြို့နယ်၌ သက်ငယ်မုဒိန်းမှုကာကွယ်​ရေး အသိပညာ​ပေး​ဟော​ပြော

ရန်ကုန်တိုင်း​ဒေသကြီး၊​ ကျောက်တံတားခရိုင်၊ လသာမြို့နယ်တွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူးပြီးအ​ခြေခံပညာဦးစီးဌာနနှင့်ပူး​ပေါင်း၍ သက်ငယ်မုဒိန်းမှုကာကွယ်​ရေး အသိပညာ​ပေး​ဟော​ပြောပွဲကို ယမန်​နေ့က (အ-ထ-က(၁)လသာ) ဗဟိုစံပြခန်းမ၌ ကျင်းပခဲ့​သည်။

ပြည်မြို့၌ ၁၃၈၆ ခုနှစ်၊ စာဆိုတော်နေ့အထိမ်းအမှတ်အခမ်းအနားနှင့် စာပေဆုရရှိသူများအား ဂုဏ်ပြုချီးမြှင့်ပွဲကျင်းပ

ပြည်မြို့နယ်စာရေးဆရာအသင်းကကြီးမှူးကျင်းပသော ၁၃၈၆ ခုနှစ်၊ စာဆိုတော်နေ့အထိမ်းအမှတ်အခမ်းအနားနှင့် စာပေဆုရရှိသူများအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ပြည်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း သီရိရတနာခန်းမဆောင်၌ ကျင်းပခဲ့သည်။

သာကေတမြို့နယ် စာအုပ်၊ စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့မှ ရေးသူ၊ ဖတ်သူဆွေးနွေးခြင်း စာဖတ်ဝိုင်း ပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့မှ ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် ရေးသူ၊ ဖတ်သူဆွေးနွေးခြင်း စာဖတ်ဝိုင်းအား ကျင်းပခဲ့သည်။

ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ထောပတ်ပဲသီးနှံ လျာထားစိုက်ဧကထက် ကျော်လွန်စိုက်ပျိုးပြီးစီးပြီဖြစ်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် စားနပ်ရိက္ခာဖူလုံစေရန်နှင့် ပဲမျိုးစုံသီးနှံစိုက်ပျိုးစွမ်းအား တိုးတက်မြင့်မားစေရေးအတွက် ဒေသခံတောင်သူများက ထောပတ်ပဲသီးနှံစိုက်ပျိုးခြင်းကို တစ်မြို့နယ်လုံး ၇၇၃၂ ဧက လျာထားစိုက်ပျိုးဆောင်ရွက်လျက်ရှိရာ ယနေ့ထိ ၉၆၂၄ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်၍ သတ်မှတ် စိုက်ဧကထက် ကျော်လွန်စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ရေတာရှည်မြို့နယ်၌ ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေးအန္တရာယ်နှင့် မီးခိုး/ မြူငွေ့လျှော့ချရေးဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ သစ်တောဦးစီးဌာနမှ ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေးအန္တရာယ်နှင့် မီးခိုး/ မြူငွေ့လျှော့ချရေးဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက (၆) မိုင်ကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ပြုလုပ်ခဲ့သည်

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း လောကာနန္ဒာစေတီတော်မြတ်ကြီး ရင်ပြင်တော်နေပူခံ ကျောက်ပြားခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုနှင့် ဗုဒ္ဓပြတိုက်စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအားလှည့်လည်ကြည့်ရှု

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ လောကာနန္ဒာစေတီတော်မြတ်ကြီး ရင်ပြင်တော်နေပူခံကျောက်ပြားခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဗုဒ္ဓပြတိုက်၌ ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှုအားပေးကြသည်။

ထားဝယ်မြို့၌ သင်ထောက်ကူပစ္စည်းများလက်တွေ့အသုံးချသင်ကြားနိုင်ရေး အထက်တန်းဆင့်သင် ဆရာ၊ ဆရာမများ အရည်အသွေးမြှင့်ဆွေးနွေးပွဲကျင်းပ

၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်၊ သင်ထောက်ကူပစ္စည်းများလက်တွေ့အသုံးချသင်ကြားနိုင်ရေး အထက်တန်းဆင့်သင် ဆရာ၊ ဆရာမများ အရည်အသွေးမြှင့်ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။

မိုင်းပျဉ်းမြို့ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းမှ ကလေးများ ဉာဏစွမ်းရည်ပြိုင် ကျင်းပပြုလုပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၏ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းမှ မူကြိုကလေးများ ဉာဏစွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက အဆိုပါ‌ကျောင်းတွင် ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တာမွေမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အကြို လှုပ်ရှားမှုအဖြစ် အားကစားပြိုင်ပွဲများကျင်းပ

၂၀၂၄ ခုနှစ် ဒီဇင်ဘာလ(၃)ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အကြို လှုပ်ရှားမှုအဖြစ်ပြုလုပ်သည့် အားကစားပြိုင်ပွဲများကို ယမန်နေ့နံနက်ပိုင်းအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက် အိုးစု(၃)လမ်းရှိ နားမကြားသောကလေးများကျောင်း(ရန်ကုန်)၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to