ဥတ္တရခရိုင်ပြည်သူ့စာကြည့်တိုက်၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ

ဥတ္တရသီရိ နိုဝင်ဘာ ၃၀

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များပူးပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါရုံး ပြည်သူ့စာကြည့်တိုက်၌ ကျင်းပသည်။

ဆွေးနွေးပွဲတွင် ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်းက စာပေဖတ်ရှုသည့် အလေ့အထကောင်းများ တိုးပွားရရှိကာ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတများ ဖလှယ်ဆွေးနွေးနိုင်ရေးရည်ရွယ်ကာ စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ရခြင်းဖြစ်ကြောင်းပြောကြားသည်။

ယင်းနောက် စာရေးဆရာစောနိုင်(အသုံးချ‌ဘောဂဗေဒ)က ညတစ်ည၏သံဝေဂနှလုံးသား ခေါင်းစဉ်ဖြင့် လည်းကောင်း၊ စာရေးဆရာမဇင်(တက္ကသိုလ်)က မေတ္တာတရား ခေါင်စဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာစိန်ဝင်းနွယ်(ဘာသာပြန်)က ဘောလုံးကောက်ခြင်းအနုပညာ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာမ မေချို (ပျဉ်းမနား)က ရိုးရာယဉ်ကျေးမှု ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာ ရဲမွန်ကျော်က ချစ်လို့ပြောတာမှတ်ပါ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာမ ချယ်ချယ်(YU)က သစ်ပုတ်ပင်နှင့် ရန်ကုန်တက္ကသိုလ် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာ မောင်လေပြေ (တောင်တွင်း)က လောကကြီးကိုချစ်တက်ပါ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာ‌ရေးဆရာ သဘာဝက နမိတ်ပြစကားအစဉ်ရှောင်ရှား ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာ မောင်ရည်ကျော်(ရူပ)က ဘုန်းကြီးကျောင်းက ဟင်းပေါင်းအိုးကြီး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာ ကိုလင်း(အညာမြေ)က လူငယ်တွေအတွက် စိတ်ခွန်အားခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြပြီး မိမိတို့၏ရှုထောင့်အသီးသီးမှ ခံစားနားလည်မှုများကို အပြန်အလှန်ဆွေးနွေးခဲ့ကြ‌ကြောင်း သိရသည်။

အောင်မျိုးဝင်း(ပြန်/ဆက်)