ဥတ္တရသီရိ နိုဝင်ဘာ ၃ဝ
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်၌ မီးဘေးလုံခြုံရေးဆိုင်ရာ စစ်ဆေးခြင်း၊ အသိပညာပေးခြင်းနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက်ပိုင်းက ဇဝနသိဒ္ဓိရပ်ကွက်၊ ရွှေသဇင်ဈေးတွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာ ဥတ္တရခရိုင် မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးသက်နောင်နှင့် ဥတ္တရသီရိမြို့နယ် မီးသတ်ဦးစီးမှူးရုံးမှ ဒုမီးသတ်ဦးစီးမှူး ဦးမင်းမင်းဦးတို့မှ ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ဈေးအတွင်းရှိ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ဈေးရောင်း၊ ဈေးဝယ်သူများအား တွေ့ဆုံပြီး မီးဘေးလုံခြုံရေးဆိုင်ရာစစ်ဆေးခြင်း၊ အသိပညာပေးခြင်းနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာ ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အောင်မျိုးဝင်း(ပြန်/ဆက်)