ကျောက်ဆည်မြို့နယ် ရှားပင်ကျေးရွာတွင် စမ်းဝတီသဘာဝမြေဩဇာနှင့်ကွန်ပေါင်းမြေဩဇာသုံးစွဲနည်း အသိပညာပေးဟောပြောပွဲနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ရှားပင်ကျေးရွာတွင် တောင်သူများ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေနှင့် သီးနှံများအောင်မြင်ဖြစ်ထွန်းရေး စမ်းဝတီသဘာဝမြေဩဇာနှင့် ကွန်ပေါင်းမြေဩဇာသုံးစွဲနည်း အသိပညာပေးဟောပြောပွဲနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယမန်နေ့နံနက်ပိုင်းက ရွာလယ်ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။