တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ အဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ကျေးရွာလူလျှောက်လမ်းတံတား တည်ဆောက်ခြင်းလုပ်ငန်းအား ကွင်းဆင်းစစ်ဆေး

၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တိုင်းဒေသကြီးရန်ပုံငွေ ကျပ် (၁၀၃) သန်းဖြင့် ထောင်ခမက်ကျေးရွာအုပ်စု၊ ကလန်းချောင်းကျေးရွာတွင် လူလျှောက်လမ်းတံတားတည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်‌ရေးဝန်ကြီး ဦးအောင်ဇော်လှိုင်၊ လူမှုရေးရာဝန်ကြီး ဦးသက်နိုင်နှင့် တာဝန်ရှိသူများအဖွဲ့မှ နိုဝင်ဘာ ၂၇ ရက်နေ့၊ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်ရှိ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၅/၂၀၂၄) သင်တန်းဆင်းပွဲအခမ်းအနား တက်ရောက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှိ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၅/၂၀၂၄) သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်ရှိ အမှတ်(၂) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း (မိုးစွေ) ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးမင်း၊ နေပြည်တော်ကောင်စီဝင်များ၊ အမှတ် (၂) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း (မိုးစွေ) ကျောင်းအုပ်ကြီးနှင့် တပ်မတော်အရာရှိကြီးများ၊ ခရိုင်/ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ သင်တန်းသားများ တက်ရောက်ကြသည်။

နေပြည်တော်ကောင်စီဝင် ဦးမင်းဦး လယ်ဝေးမြို့နယ်အတွင်း ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်နေသည့် လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

နေပြည်တော်ကောင်စီဝင် ဦးမင်းဦးသည် နိုဝင်ဘာ ၂၈ ရက်နေ့က ကျေးလက်လမ်းဖွံ့ဖြိုးတိုးတက်‌ရေးဦးစီးဌာန၊ နေပြည်တော်တိုင်းညွှန်ကြားရေးမှူး ဒေါ်အေးအေးဝင့်၊ ခရိုင်နှင့်မြို့နယ်အဆင့် တာဝန်ရှိသူများနှင့်အတူ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် လယ်ဝေးမြို့နယ်အတွင်း ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ဖျာပုံမြို့၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ် အမျိုးသမီးများစွမ်းဆောင်ရည်မြှင့်တင်ရေး ပန်းအလှပြင် သင်တန်းဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဖျာပုံခရိုင် လူမှုဝန်ထမ်းဦးစီးဌာန၊ ဖျာပုံခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် ခရိုင်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ် အမျိုးသမီးများစွမ်းဆောင်ရည်မြှင့်တင်ရေး ပန်းအလှပြင်သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။

ရပ်စောက်မြို့၌ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၅/၂၀၂၄) ကတိသစ္စာခံယူပွဲနှင့် သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း) ရပ်စောက်မြို့နယ်၊ ဗထူးတပ်မြို့ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း၌  ပြည်သူစစ်မှုထမ်းသင်တန်းအမှတ်စဉ် (၅/၂၀၂၄) ကတိသစ္စာခံယူပွဲနှင့် သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက် ၇ နာရီ ၃၀ မိနစ်က  တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်းရှိ စစ်ရေးပြကွင်း၌ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်၊ တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် နိုင်ဝင်းအောင်နှင့် တပ်မတော်အရာရှိများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းစိုးနိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ပြည်သူ့စစ်မှုထမ်းသင်တန်းသား (၇၇)ဦး တက်ရောက်ခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်းရှိ Grade-11 နှင့် Grade-12 သင် ဆရာ၊ ဆရာမများအား ဥပဒေအသိပညာပြန့်ပွားရေးဆရာအဖြစ် သင်တန်းဆင်းပွဲနှင့် ကချင်ပြည်နယ်ဒေသဆိုင်ရာ လုပ်ငန်းကော်မတီညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်

ဥပဒေရေးရာဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် ကချင်ပြည်နယ်ဥပဒေချုပ်ရုံးက ကြီးမှူး၍ ပြည်နယ်အတွင်းရှိ Grade-11 နှင့် Grade-12 သင် ဆရာ၊ ဆရာမများအား ရက်သတ္တပတ်နှစ်ပတ်ကြာ ဖွင့်လှစ်ပေးခဲ့သော ဥပဒေအသိပညာပြန့်ပွားရေးဆရာအဖြစ် သင်တန်းဆင်းပွဲကို နိုဝင်ဘာ ၂၉ ရက် မွန်းလွဲ ၁ နာရီခွဲက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ အေးမြသီတာခန်းမ၌ ကျင်းပပြုလုပ်သည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း သာသနိကအဆောက်အဦများ ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်၊ ဌာနဆိုင်ရာရုံးများ လှည့်လည်ကြည့်ရှု၊ ဝန်ထမ်းများနှင့်တွေ့ဆုံ

သာသနိကအဆောက်အဦများ ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ်ပိုင်းက ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပညာရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

အခြေခံပညာမူလတန်းကျောင်း လမိုင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး ကွင်းဆင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ အခြေခံပညာမူလတန်းကျောင်း  လမိုင်းတွင် ယမန်နေ့မွန်းလွဲ ၂ နာရီတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ဒလမြို့နယ်၌ အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူးကျင်းပသော အမျိုးသမီးများအား တရားမဝင်လူမှောင်ခိုလူကုန်ကူးမှု၊ သက်ငယ်မုဒိန်းမှု၊ သွေးဆောင်ဖြားယောင်းခိုးယူမှုအစရှိသော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများမှ ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၌ အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူး ကျင်းပသော အမျိုးသမီးများအား တရားမဝင်လူမှောင်ခိုလူကုန်ကူးမှု၊ သက်ငယ်မုဒိန်းမှူ၊ သွေးဆောင်ဖြားယောင်း ခိုးယူမှုအစရှိသော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများမှ ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် (၉) နာရီခွဲ အချိန်က အ.ထ.က(၁) ယုဇန ခန်းမ၌ ကျင်းပခဲ့သည်။
Subscribe to