မိုင်းယောင်း နိုဝင်ဘာ ၃၀
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက ဝမ်ဘိုးအုပ်စု၊ ဖကျောက်ကျေးရွာ(Smart Village)၌ ကျင်းပခဲ့သည်။
ဦးစွာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးစိုင်းစိုးစိုးက အမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူးဇော်မင်းဆွေက မိသားစုစီးပွားရေး တစ်ဖက်တစ်လှမ်းမှတိုးပွားလာအောင် သင်တန်းသားများအနေဖြင့် ကြိုးစားသင်ယူစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေနှင့် တာဝန်ရှိသူများက သင်တန်းသားများအား သင်ထောက်ကူပစ္စည်းများပေးအပ်ပြီး သင်တန်းဖွင့်လှစ်နေမှုအား ကြည့်ရှုအားပေးခဲ့သည်။
အဆိုပါ သင်တန်းသို့ ဖကျောက်ကျေးရွာ(Smart Village)မှ သင်တန်းသားများ တက်ရောက်ကြပြီး အဖြောင့်ချုပ်ရိုး၊ အကောက်ချုပ်ရိုး၊ အကွေးချုပ်ရိုး၊ လေးထောင့်ချုပ်ရိုး စသည့် ချုပ်ရိုး/ချုပ်နည်းများကို သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)