ဆေးဝါးတက္ကသိုလ်(မန္တလေး)၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲပြုလုပ်

အမရပူရ နိုဝင်ဘာ ၃၀

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်ရှိ ဆေးဝါးတက္ကသိုလ်၊ မန္တလေး၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ပထမနှစ်(၁၁/၂၀၂၄)သင်တန်းသို့ တက်ရောက်ခွင့်ရသည့် မောင်မယ်သစ်လွင် ကျောင်းသား/သူများအား ကြိုဆိုပွဲအခမ်းအနားကို ယမန်နေ့ နံနက်(၁၀:၀၀)နာရီက တက္ကသိုလ်၏ ဇီဇဝါခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ကျန်းမာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက virtual ဖြင့် ကြိုဆိုနှုတ်ဆက်အမှာစကားပြောကြားပြီး ပါမောက္ခချုပ်၊ ပါမောက္ခဒေါက်တာ သိန်းမေစောက နှုတ်ဆက်အမှာစကားပြောကြားခဲ့သည်။

တက္ကသိုလ်၏ vision, mission, academic activity များက မိမိတို့တက္ကသိုလ်သည် နိုင်ငံတကာအသိအမှတ်ပြုတက္ကသိုလ်ဖြစ်ကြောင်း၊ Accreditation အတွက် စံသတ်မှတ်ချက်များကို ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။ ပါမောက္ခ/ ဌာနမှူးများ၊ ကထိက/ ဌာနမှူးများ၊ ဆရာ/ ဆရာမများ၊ မော်ကွန်းထိန်းတို့က စာမေးပွဲ စည်းမျဉ်းစည်းကမ်းများ၊ တက္ကသိုလ်စည်းမျဉ်းစည်းကမ်းများ၊ ဘာသာရပ်ဆိုင်ရာ သိသင့်သိထိုက်သည်များကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါအခမ်းအနားသို့ ပါမောက္ခချုပ်၊ ပါမောက္ခ/ ဌာနမှူးများ၊ ကထိက/ ဌာနမှူးများ၊ ဆရာ/ ဆရာမများ၊ မော်ကွန်းထိန်း၊ ဆေးဝါးတက္ကသိုလ်၊ မန္တလေး ဝင်ခွင့်ရသည့် ကျောင်းသား/ သူ (၁၀၆)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

စိုးသီဟ(အမရ)