ရန်ကုန် နိုဝင်ဘာ ၃၀
သန်လျင်ခရိုင်၊ သန်လျင်မြို့ မြို့မဈေးကြီမီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဇာတ်တိုက်သရုပ်ပြလေ့ကျင့်ခြင်းကို ယနေ့နံနက် ၈ နာရီတွင် သန်လျင်မြို့မဈေးကြီး၌ ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်မျိုးဝင်းက မီးသတ်ဆေးဘူးကိုင်တွယ်အသုံးပြုပုံနှင့် လက်တွေ့မီးငြှိမ်းသတ်ခြင်းသရုပ်ပြဆောင်ရွက်ပြီး ခရိုင်နှင့်မြို့နယ်မီးသတ်စခန်းများမှ မီးသတ်ယာဉ်များဖြင့် တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ပုံများ ဇာတ်တိုက်လေ့ကျင့်ကြသည်။
ဆက်လက်၍ ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်လွင်ဦး၊ သန်လျင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးတင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးအောင်ကျော်စိုး၊ ဌာနဆိုင်ရာများနှင့်ဈေးမိဈေးဖများက မြို့မဈေးကြီးအတွင်း လက်တွေ့မီးငြှိမ်းသတ်မှု၊ မီးချိပ်၊ မီးကပ်၊ ရေ၊ သဲများပြင်ဆင်ထားရှိမှု၊ ဈေးဆိုင်များ မီးဘေးကြိုတင်ကာကွယ်ရေး မီးသတ်ဆေးဘူးထားရှိမှုများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဖြိုးသီဟ (ခရိုင်ပြန်ဆက်)