ကျောက်တန်းမြို၌ ငါးလုပ်ငန်းဦးစီးဌာနနှင့် နေကြာပန်းထရေးဒင်းကုမ္ပဏီတို့ ပူပေါင်း၍ (GAqP) သင်တန်းဖွင့်လှစ်

ကျောက်တန်း နို၀င်ဘာ ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၌ ငါးလုပ်ငန်းဦးစီးဌာနနှင့် နေကြာပန်းထရေးဒင်းကုမ္ပဏီတို့ ပူးပေါင်း၍ ကောင်းမွန်သော ရေသတ္တဝါမွေးမြူရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (GAqP) သင်တန်းဖွင့်လှစ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ကျောက်တန်းမြို့နယ် နေကြာပန်းထရေးဒင်းကုမ္ပဏီ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းခန့်အောင် အဖွင့်အမှာစကားပြောကြားကာ ငါးလုပ်ငန်းဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒုတိယတိုင်းဦးစီးမှူး ဦးတင့်လွင်မှ သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။

အခမ်းအနားကို ငါးလုပ်ငန်းဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး၊ ဒုတိယတိုင်းဦးစီးမှူး၊ ဦးတင့်လွင်နှင့်တာ၀န်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းခန့်အောင်နှင့်တာ၀န်ရှိသူများ၊ ကျောက်တန်းမြို့နယ် ငါးလုပ်ငန်းဦးစီးဌာန၊ ဦးစီးအရာရှိ ဦးခင်၀င်းနှင့် ဌာနဆိုင်ရာများ၊ သင်တန်းဆရာမများ သင်တန်းသား/ သင်တန်းသူများ တက်ရောက်ခဲ့​ကြသည်။

အဆိုပါ ကောင်းမွန်သော ရေသတ္တဝါမွေးမြူရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (GAqP) သင်တန်းသား၊ သင်တန်းသူ ၁၀၅ ဦးဖြင့် ဖွင့်လှစ်ခဲ့ကြကြောင်း သိရသည်။

နေလင်းကျော် (ပြန်ဆက်)