မော်လမြိုင်မြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းအမှတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲအခမ်းအနားပြုလုပ်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း ၁/၂၀၂၄ သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မုဒုံမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်ပိုစတာပြသခြင်းများ ဆောင်ရွက်

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ကျောင်သား/သူများ အသိပညာဗဟုသုတများ ပြည့်စုံစေရန် စာဖတ်ရှိန်မြှင့်တင်ရေး​ဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက အ.မ.က (စာစင်အလယ်ပိုင်း) စာသင်ကျောင်း၌ ပြုလုပ်သည်။

ပူတာအိုခရိုင်၌ လူငယ်စကားဝိုင်းကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနနှင့် အခြေခံပညာဉီးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသားလူငယ်များအနေဖြင့် ဗလငါးတန်နှင့်ပြည့်စုံစေရန်၊ အသိပညာဗဟုသုတတိုးပွားစေရန်၊ လူအများရှေ့တွင် ရဲဝံ့စွာပြောဆိုတတ်စေရန်နှင့် ဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးတတ်သည့် အလေ့အထများရရှိစေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းဆွေးနွေးခြင်းကို ယမန်နေ့မွန်းလွဲ(၁)နာရီက ပူတာအိုမြို့ အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

မက်မန်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအတွက် စားသောက်ကုန်များ ပေးအပ်

ရှမ်းပြည်နယ်၊ “၀”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများအတွက် စားသောက်ကုန်ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ နေ့လယ် ၃ နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

မင်းလှမြို့နယ်၌ စားသောက်ကုန်များ၊ ဆေးဆိုင်များနှင့် အလှကုန်ဆိုင်များအား ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ ဇေယျာသီရိဈေးအတွင်းနှင့် မြို့ပေါ်ရပ်ကွက်များရှိ စားသောက်ကုန်များ၊ ဆေးဆိုင်များ၊ အလှကုန်ဆိုင်များအား ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခြင်းကို ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)၊  ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများပူးပေါင်း၍  ယမန်နေ့ နံနက် (၉) နာရီက ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။

ကသာမြို့ အခြေခံပညာကျောင်းအသီးသီးတို့တွင် ပညာရေးစုံညီပွဲတော်များကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် အခြေခံပညာကျောင်းများ၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ မြို့နယ်ပညာရေးစုံညီပွဲတော်များကို ကျင်းပဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်(၉)နာရီအချိန်က အမှတ်(၄)အခြေခံပညာမူလတန်းကျောင်းတွင်လည်းကောင်း၊ ယမန်နေ့နံနက်(၁၀)နာရီအချိန်က အခြေခံပညာအလယ်တန်း(အောင်ချမ်းသာ) ကျောင်းတို့တွင်လည်း‌ကောင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မင်းလှမြို့၌ သောက်ရေသန့်ထုတ်လုပ်ဖြန့်ချိနေမှုအား တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေး

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၊ မယ်ဇလီတောကျေးရွာတွင် သောက်ရေသန့်ထုတ်လုပ်ဖြန့်ချိနေမှုအား သတ်မှတ်ချက်များနှင့်အညီ ထုတ်လုပ်မှု ရှိ၊ မရှိ ကြည့်ရှုစစ်ဆေးခြင်းကို ယမန်နေ့ မွန်းတည့် (၁၂)နာရီက မြို့နယ်အဆင့် ကပ်ရောဂါအသွင်ဖြစ်ပွားတတ်သော ရောဂါများကာကွယ်ထိန်းချုပ်ရေးဦးစီးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ပုသိမ်မြို့နယ်၊ ကြောင်ပန်းကုန်းကျေးရွာတွင် နွေစပါး ရေဆင်းပေါ်ဆန်း ၂ မျိုး စမ်းသပ်စိုက်ပျိုး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် နွေစပါးရေဆင်းပေါ်ဆန်း ၂ မျိုး စမ်းသပ်စိုက်ပျိုးပွဲကို ကြောင်ပန်းကုန်းအုပ်စု၊ ကြောင်ပန်းကုန်းကျေးရွာ၊ ကွင်းအမှတ် ၂၅ ၊ ဦးပိုင်အမှတ် N ၃၃ ရှိ တောင်သူ ဦး‌အောင်ဝင်း၏လယ်မြေ(၂.၀၀)ဧက၌ ပြုလုပ်ခဲ့ရာ စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယတိုင်းဒေသကြီး ဦးစီးမှူး၊ ခရိုင်ဦးစီးမှူး၊ ခရိုင်နှင့်မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအဖွဲ့ဝင်များနှင့် တောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

(အ-ထ-က)ခိုလမ်ကျောင်းတွင် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနား စည်ကားသိုက်မြိုက်စွာကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ဖွင့်ပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်းတွင် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းနှင့် တာဝန်ရှိသူများမှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ကျောင်းသား/သူများက “စုံညီပွဲတော် ဒို့နွှဲပျော်” သီချင်းဖြင့် စတင်ဖျော်ဖြေခဲ့သည်။

သရက်မြို့ ရွှေဘုံသာ မူလတန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူများအား တီဘီရောဂါအရှိန်အဟုန်မြှင့် ရှာဖွေဖော်ထုတ်ခြင်း ကွင်းဆင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ကျောင်းသား/ ကျောင်းသူများအား တီဘီရောဂါအရှိန်အဟုန်မြှင့် ရှာဖွေဖော်ထုတ်ခြင်းကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၉ နာရီခွဲအချိန်က အခြေခံပညာမူလတန်းကျောင်း ရွှေဘုံသာကျောင်း၌ ဆောင်ရွက်ခဲ့သည်။
Subscribe to