ရေတာရှည်မြို့နယ်၌ စာရေးဆရာ အောင်သင်းရေးသားသည့် လူငယ်တွေအတွက် လူကြီးတွေရဲ့ပန္နက်စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က စာရေးဆရာ အောင်သင်းရေးသားသည့် လူငယ်တွေအတွက် လူကြီးတွေရဲ့ ပန္နက်စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပသည်။

မိုင်းပျဉ်းမြို့နယ် အ.မ.က-ဝမ်ကန်(စံပြ)ကျောင်းတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်၊ ဟောင်ကန်ကျေးရွာအုပ်စု၊ ဝမ်ကန်(စံပြ)ကျေးရွာ၊  အခြေခံပညာမူလတန်းကျောင်းတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီက အဆိုပါကျောင်း၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။

ချမ်းအေးသာစံမြို့နယ်၌ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကလေးပြိုင်ပွဲအခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊‌ ကဉ္စနမဟီရပ်ကွက်၊ ရွှေဘုံသာဘုရားဝင်းအတွင်း၌ မဟာအောင်မြေခရိုင် မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကလေးပြိုင်ပွဲအခမ်းအနားအား ဇန်နဝါရီ ၁၀ ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

မောက်မယ်မြို့နယ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော် အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြို့နယ်နမ့်ယွန်းခန်းမတွင် ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ပညာရေးဌာနမှ ဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် ကျောင်းသား မိဘများတက်ရောက်၍ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

ဥတ္တရခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ပတ်ဝန်းကျင်ဆိုင်ရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ပုဗ္ဗသီရိမြို့နယ်၊  “ရင်သွေးပျိုးခင်း” ကိုယ်ပိုင်အလယ်တန်းကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဆီဆိုင်မြို့နယ်၌ မီးဘေးလုံခြုံရေးဟောပြောပွဲနှင့် မီးငြှိမ်းသတ်နည်း လက်တွေ့သရုပ်ပြ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် မီးသတ်ဦးစီးဌာနမှ အခြေခံပညာကျောင်းများတွင် မီးဘေးအန္တရာယ်ကြောင့် ထိခိုက်နစ်နာဆုံးရှုူံးမှုမရှိစေရေးနှင့် မီးဘေးအန္တရာယ်များ ကြိုတင်ကာကွယ်နိုင်ရန်အတွက် မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်းနှင့် မီးငြှိမ်းသတ်နည်း လက်တွေ့သရုပ်ပြပွဲကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ပါလောပါကယ်ကျေးရွာအုပ်စု ဆိုက်ခေါင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

ပလောက်မြို့၌ (၂၀၂၄-၂၀၂၅) ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့်ပညာရည်ထူးချွန်ဆုချီးမြှင့်ပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် (၂၀၂၄-၂၀၂၅) ပညာသင်နှစ်အတွက် ကျောင်းသူ၊ ကျောင်းသားများ ကာယ/ဉာဏ/စာရိတ္တ ဘက်စုံပညာဖွံ့ဖြိုးရေးအတွက် မြို့အဆင့်ပညာရေးစုံညီပွဲတော်ကို ယမန်နေ့နံနက် ၈ နာရီခွဲအချိန်က အခြေခံပညာအထက်တန်း ကျောင်း ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ဘဏ္ဍာငွေအရ အသုံးခန့်မှန်းခြေငွေစာရင်းနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ဘဏ္ဍာငွေအရ အသုံးခန့်မှန်းခြေငွေစာရင်းနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီလ ၁၀ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲက ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ကြံခင်းမြို့(အ.ထ.က-၂)ကျောင်းတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် (အ.ထ.က-၂)ကျောင်းတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ်ပိုင်းက အဆိုပါကျောင်းဝန်းအတွင်း ကျင်းပခဲ့ကြောင်း သိရသည်။

နတ်မောက်မြို့နယ် မြို့မစည်ပင်သာယာရေးဈေးကြီးတွင် ကျူးကျော်ဈေးဆိုင်များ ရောင်းချမှု မရှိစေရေးနှင့် မီးဘေးလုံခြုံရေးများ လိုက်လံစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် မြို့မစည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးကြီးအား ပွင့်လင်းရာသီကာလ မီးဘေးလုံခြုံစိတ်ချမှုရှိစေရန်နှင့် ဈေးကြီးအတွင်းကျူးကျော်ဈေးဆိုင်များ ဖွင့်လှစ်ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးအသိပညာပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌနှင့်တာ ဝန်ရှိသူများကလိုက်လံစစ်ဆေးခဲ့ကြသည်။
Subscribe to