ကွန်ဟိန်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ပညာရေးစုံညီပွဲတော်နှင့် ဆုနှင်းသဘင်အခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ်၊  အခြေခံပညာအထက်တန်းကျောင်းတွင် ပညာရေးစုံညီပွဲတော်နှင့် ဆုနှင်းသဘင်အခမ်းအနားကို ယနေ့နံနက် (၉) နာရီက အဆိုပါကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုးနဲမြို့နယ်၌ ဆောင်းဆီထွက်ပဲပုပ် (CM-60) မျိုးစေ့ထုတ်စိုက်ခင်းရိတ်သိမ်း

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် စိုက်ပျိုးထားရှိသော လွယ်လင်းကျေးရွာတောင်သူ နန်းစံဟွမ်၏ ဆောင်းပဲပုပ်(ဆီထွက်) မျိုးစေ့ထုတ်စိုက်ခင်းရိတ်သိမ်းနေမှုကို တာဝန်ရှိသူများက ယနေ့နံနက် ၁၀ နာရီအချိန်က ကွင်းဆင်းကြည့်ရှုခဲ့‌ကြောင်း သိရသည်။

ဟိုပုံးမြို့နယ် အခြေခံပညာမူလတန်းလွန်ကျောင်း၌ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲကျင်းပ

ဟိုပုံးမြို့နယ် အခြေခံပညာမူလတန်းလွန်ကျောင်း၌ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲကျင်းပ ဟိုပုံး ဇန်နဝါရီ ၁၀ ပအိုဝ်းဒေသ (ပြန်/ဆက်)

ကော့သောင်းမြို့တွင် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးတပ်မတော်နှင့် ဌာနဆိုင်ရာပေါင်းစုံ သန့်ရှင်းရေးလုပ်ငန်းများ စုပေါင်းဆောင်ရွက်

အခြေခံပညာကျောင်းများ ကျောင်းပတ်ဝန်းကျင်သာယာလှပရေးအတွက် တပ်မတော်၊ ရဲတပ်ဖွဲ့နှင့် ဌာနဆိုင်ရာပေါင်းစုံ စုပေါင်းသန့်ရှင်းရေး လုပ်အားပေးပွဲကို ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့၊ သီရိမြိုင်ရပ်ကွက်၊ အခြေခံပညာအလယ်တန်းကျောင်းခွဲ ပတ်ဝန်းကျင်းတွင် ဆောင်ရွက်ခဲ့ကြသည်။

မြစ်သားမြို့နယ် အခြေခံပညာနှင့် စက်မှုစိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်းအတွင်း သန့်ရှင်းသာယာလှပစေရေးအထွက် စုပေါင်းသန့်ရှင်းရေးပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ရွှေသူဌေးရပ်ကွက်အတွင်းရှိ အခြေခံပညာနှင့်စက်မှုစိုက်ပျိုးမွေမြူရေးအထက်တန်းကျောင်းတွင်‌ ကျောင်းသန့်ရှင်းသာယာလှပစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ဝန်ထမ်းများပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းကို ယနေ့နံနက်(၇)နာရီအချိန်က အဆိုပါ​ကျောင်း၌ သန့်ရှင်းရေးပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နတ်မောက်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အသက် (၈၅) နှစ်အထက် အဘိုး/ အဘွားများအား လူမှုရေးပင်စင်ငွေများ ထုတ်ပေး

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၌ အသက် (၈၅) နှစ်အထက် အဘိုး/ အဘွားများအား လူမှုရေးပင်စင်ငွေများ ထုတ်ပေးခြင်းကို ယနေ့နံနက်ပိုင်းကမြို့နယ်မြန်မာ့စီးပွားရေးဘဏ်တွင် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

မြို့သစ်မြို့နယ်၌ မြို့နယ်အဆင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဆုရကျောင်းသား/ကျောင်းသူများအား ဆုချီးမြှင့်ပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၌ မြို့နယ်ပညာ‌ရေးမှူးရုံးမှ ကြီးမှူးကျင်းပ‌သည့် မြို့နယ်အဆင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း(ရတနာခန်းမ)၌ ကျင်းပရာ မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများ အခြေခံပညာ‌ကျောင်းများမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြသည်။

အောင်မြေသာစံမြို့နယ်တွင် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးမှူးကျင်းပသော (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို ဇန်နဝါရီလ ၁၀ ရက်နေ့ မွန်းလွဲ ၁ နာရီက အောင်မြေသာစံမြို့နယ်၊ ကမ်းနား(မြို့ပတ်) လမ်းပေါ်ရှိ Ayeyewaddy Rever View Hotel တွင် ကျင်းပပြုလုပ်ခဲ့သည်။

မြို့သစ်မြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်း ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ကျောင်းသားကျောင်းသူများ ကလေးအလုပ်သမားနှင့်ပတ်သက်၍ အသိပညာဗဟုသုတများ ရရှိစေရေးအတွက်   ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို  ယမန်နေ့မွန်းလွဲ ၁ နာရီက  ပုလင်းကျေးရွာအုပ်စု၊ ပုလင်းကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to