မက်မန်း ဇန်နဝါရီ ၁၁
ရှမ်းပြည်နယ်၊ “၀”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများအတွက် စားသောက်ကုန်ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ နေ့လယ် ၃ နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် မက်မန်းခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်သောင်းက အဖွင့်အမှာစကားပြောကြားရာတွင် ယခုကဲ့သို့ ဝန်ထမ်းများအား စားသောက်ကုန်များပေးအပ်ရခြင်းမှာ ဝန်ထမ်းမိသားစုစည်းရုံးရေး၊ စည်းကမ်းကောင်းမွန်စေရေး၊ စားဝတ်နေရေးသက်သာချောင်ချိရေးတို့အတွက် စဉ်းစားစီစဉ်ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့်လည်း မိမိတို့၏ကျရာနေရာ၊ ကျရာတာဝန်ကို လေးစားတန်ဖိုးထားဆောင်ရွက်ကြရန်လိုကြောင်း၊ မိမိတို့ဘက်မှလည်း ဝန်ထမ်းများသက်သာချောင်ချိရေးကို အလေးထားဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ညိုက စားသောက်ကုန်များပေးအပ်ရခြင်းအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တာဝန်ရှိသူများမှ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မက်မန်းခရိုင်ဝန်ထမ်းများအတွက် ဆန်၊ ဆီ၊ ကြက်သွန်နီ၊ ကုလားပဲ၊ ငါးသေတ္တာနှင့် ကြက်ဥများကို တစ်ဦးချင်းထံသို့ပေးအပ်ခဲ့ကာ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အားကစားပြိုင်ပွဲတွင် ဆုရရှိသည့် ဝန်ထမ်းများကို ဆုများချီးမြှင့်ပေးခဲ့ကြောင်း သိရှိရပါသည်။
တီတီ(မက်မန်း)