ဟိုပုံးမြို့နယ် အမှတ်(၃)အခြေခံပညာမူလတန်းလွန်ကျောင်း၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ် အမှတ်(၃)အခြေခံပညာမူလတန်းလွန်ကျောင်း၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲကို ယမန်နေ့ နံနက် (၉) နာရီအချိန်က အဆိုပါကျောင်း၌ ကျင်းပသည်။

လိပ်သိုမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အမှတ် (၂) ရပ်ကွက်သို့ Mobile စနစ်ဖြင့် စာအုပ်စာစောင်များ သွားရောက်ငှားရမ်း

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာဖတ်ရှိန်မြှင့်တင်ရေး Mobile စနစ်ဖြင့် စာအုပ်/ စာစောင်များ ငှားရမ်းပေးခြင်းကို  ယနေ့နံနက်ပိုင်းက လိပ်သိုမြို့ အမှတ် (၂) ရပ်ကွက်သို့  သွားရောက်၍ စာအုပ်စာစောင်များ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

မြောင်းမြမြို့တွင် ကျောင်းအခြေပြု တီဘီရောဂါရှာဖွေဖော်ထုတ်ခြင်းလုပ်ငန်း ကွင်းဆင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအခြေပြုတီဘီရောဂါရှာဖွေဖော်ထုတ်ခြင်းကို ယမန်နေ့နံနက် (၁၁း၀၀) နာရီအချိန်က အ.လ.က ဘုရားချောင်း(ရပ်)ကျောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ငဖဲမြို့နယ်၌ အခြေခံပညာမူလတန်းဆင့်နှင့်အလယ်တန်းဆင့် သင်ကြားသင်ယူမှုထိရောက်ရေး စွမ်းရည်မြှင့်သင်တန်း ဖွင့်လှစ်

မကွေးတိုင်းဒေသကြီး ပညာရေးမှူးရုံး၏လမ်းညွှန်မှုဖြင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက်  ပညာရေးဝန်ထမ်းများအား သင်ကြားသင်ယူမှု စွမ်းရည်တိုးတက်မြင့်မားစေရန်ရည်ရွယ်၍  အခြေခံပညာမူလတန်းဆင့် Grade-5 နှင့် အလယ်တန်းအဆင့် (Grade-9) သင် ဆရာ/ဆရာမများအား ဘာသာရပ်အလိုက်စွမ်းရည်မြှင့် မွမ်းမံသင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က  ငဖဲမြို့အခြေခံပညာအထက်တန်းကျောင်း ဗိုလ်ရွှဲခန်းမတွင် ကျင်းပပြုလုပ်သည်။

ရေဖြူမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်‌လေ့ကျင့်ခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်အတွင်း မီးဘေးအန္တရာယ် ကင်းရှင်းစေရန် ရည်ရွယ်၍ ‌ရေဖြူမြို့၊ (က)ရပ်ကွက်ရှိ စည်ပင်သာယာဈေးတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး ဇာတ်တိုက်လေ့ကျင့်ခြင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရေနံချောင်းမြို့နယ်၌ အခြေခံပညာဦးစီးဌာန Grade-5 နှင့် Grade-9 ဆရာ/ဆရာမများ သင်ကြားသင်ယူမှု အရည်အသွေးမြှင့်ဆွေးနွေးပွဲသင်တန်း ဖွင့်လှစ်

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ် အခြေခံပညာဦးစီးဌာန၏ Grade-5 နှင့် Grade-9 ဆရာ/ဆရာမများ သင်ကြားသင်ယူမှု အရည်အသွေးမြှင့်ဆွေးနွေးပွဲသင်တန်းကို ယနေ့နံနက် ၁၀ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ စတင်ဖွင့်လှစ်ပို့ချလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးက သိရသည်။

ပင်လုံမြို့၌ ရွေ့လျားစာကြည့်တိုက် စနစ်ဖြင့်ကျူရုံး(ကျေး)ကျောင်းသို့ စာအုပ်စာစောင်များ အခမဲ့ငှားရမ်းခြင်း ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင် ပင်လုံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ပုံမှန်ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် (၁၀) နာရီအချိန်က ပင်လုံမြို့ အမကကျူရုံး(ကျေး)ကျောင်းသို့ သွားရောက်ဆောင်ရွက်ပေးခဲ့ပါသည်။

ပြင်ဦးလွင်မြို့နယ် လွန်ကောင်းအ.ထ.က(ခွဲ)တွင် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်‌ရေး စာပေဟောပြော‌ပွဲ ကျင်းပ

လူငယ်ကဏ္ဍကိုမြှင့်တင်‌ဆောင်ရွက်စေရန် ရည်ရွယ်၍ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး စာ‌ပေဟော‌ပြောပွဲကို ယမန်နေ့‌နံနက် (၁၀)နာရီအချိန်က မန္တလေးတိုင်း ဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ လွန်ကောင်းအ.ထ.က(ခွဲ)တွင် ကျင်းပခဲ့ကြောင်း သိရသည်။

ကန့်ဘလူမြို့ မဟာရွှေစည်ကြီးစေတီတော် (၂၅)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပမည်

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့၏ကျက်သရေဆောင် မဟာရွှေစည်ကြီးစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်ကို ယခုနှစ် တပို့တွဲလဆန်း ၁၁ ရက်မှ လပြည့်ကျော် ၁ ရက်(ဖေဖော်ဝါရီ ၈ ရက် မှ ၁၃ ရက်ထိ)နေ့ထိ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း စေတီတော်ဂေါပကအဖွဲ့ထံမှ သိရသည်။

လူထုအခြေပြုဗဟိုဌာနတွင် (Book Club)အဖွဲ့ဝင်များဖြင့်  စာဖတ်ဝိုင်းဆွေးနွေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာပေဖတ်ရှုသည့် အလေ့အထကောင်းများ ရရှိစေရန်နှင့် စာဖတ်ရှိန်မြင့်မားတိုးတက်စေရန် ရည်ရွယ်၍ ပြန်ကြားရေးပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့တို့ ပူပေါင်း၍ စာရေးဆရာ ဗန်းမော်တင်အောင် ရေးသားသည့် "အညတြရ" စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့  နံနက်(၁၀)နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to