သရက် ဇန်နဝါရီ ၁၁
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ကျောင်းသား/ ကျောင်းသူများအား တီဘီရောဂါအရှိန်အဟုန်မြှင့် ရှာဖွေဖော်ထုတ်ခြင်းကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၉ နာရီခွဲအချိန်က အခြေခံပညာမူလတန်းကျောင်း ရွှေဘုံသာကျောင်း၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျောင်းသား/ကျောင်းသူများအား ကျန်းမာရေးဝန်ထမ်းများက တီဘီရောဂါ အရှိန်အဟုန်မြှင့် ရှာဖွေဖော်ထုတ်ခြင်းလုပ်ငန်းစီမံချက်ပါ အကြောင်းအရာများကို ပြောကြားပေးခဲ့သည်။
ထို့နောက် ကျန်းမာရေးဝန်ထမ်းများက ကျောင်းသား/ ကျောင်းသူများအား ချောင်းဆိုးနေတာ (၂)ပတ်ကျော်ကြာနေပြီလာ ၊ ချောင်းဆိုးရင် သွေး၊သလိပ် ပါနေသလား၊ တငွေ့ငွေဖျားပြီး ညဘက် ချွေးအလွန်ထွက်နေပါသလား၊ အစာစာချင်စိတ်မရှိဖြစ်နေပါသလား၊ ကိုယ်အေလေးချိန်လျော့ကျသွားပါသလဲ၊ ကျော (သို့) ရင်ဘတ်အောင့်နေပါသလား၊ မောပန်းလွယ်နေတယ်လို့ ခံစားရပါသလား၊ လည်ပင်းဂျိုင်း (သို့) ပေါင်ခြံမှာ အကြိတ်ထွက်နေပါသလား စသည်တို့ ရှိ/မရှိ စစ်ဆေးပေးခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)