ကသာမြို့ အခြေခံပညာကျောင်းအသီးသီးတို့တွင် ပညာရေးစုံညီပွဲတော်များကျင်းပ

ကသာ ဇန်နဝါရီ ၁၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် အခြေခံပညာကျောင်းများ၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ မြို့နယ်ပညာရေးစုံညီပွဲတော်များကို ကျင်းပဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်(၉)နာရီအချိန်က အမှတ်(၄)အခြေခံပညာမူလတန်းကျောင်းတွင်လည်းကောင်း၊ ယမန်နေ့နံနက်(၁၀)နာရီအချိန်က အခြေခံပညာအလယ်တန်း(အောင်ချမ်းသာ) ကျောင်းတို့တွင်လည်း‌ကောင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားများတွင် ကသာမြို့နယ်ပညာရေးမှူး ဒေါ်နန္ဒာလင်းက အမှာစကား ပြောကြားပြီး အ.မ.ကကျောင်းနှင့် အ.လ.ကကျောင်းတို့မှ ကျောင်းအုပ်ကြီးများနှင့် ကျောင်းအကျိုးတော်ဆောင်တို့က ကျောင်းဖွံ့ဖြိုးရေးနှင့်ပတ်သက်၍ ရှင်းလင်းပြောခဲ့ကြသည်။

ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဒေါ်နန္ဒာလင်း၊ ကျောင်းအုပ်ဆရာ/ဆရာမကြီးများ၊ ကျောင်းကော်မတီဝင်များနှင့် ကျောင်းသားမိဘများက ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် အလယ်တန်းအဆင့် ပညာရည်ချွန်ဆုရ ကျောင်းသား/ကျောင်းသူများနှင့် ခရိုင်အဆင့်၊ မြို့နယ်အဆင့်တို့တွင် ကဏ္ဍအသီးသီးမှ ထူးချွန်ဆုရရှိကြသည့် ကျောင်းသား/ကျောင်းသူများကို ဂုဏ်ပြုဆုများ အသီးသီးချီးမြှင့်ခဲ့ကြကြောင်းနှင့် ကျောင်းသား/ ကျောင်းသူလေးများက “ပန်းတိုင်းပွင့်ပြီ ဤဌာနီ” သီချင်းဖြင့် သီဆိုပြီးနောက် အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)