ပုသိမ် ဇန်နဝါရီ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် နွေစပါးရေဆင်းပေါ်ဆန်း ၂ မျိုး စမ်းသပ်စိုက်ပျိုးပွဲကို ကြောင်ပန်းကုန်းအုပ်စု၊ ကြောင်ပန်းကုန်းကျေးရွာ၊ ကွင်းအမှတ် ၂၅ ၊ ဦးပိုင်အမှတ် N ၃၃ ရှိ တောင်သူ ဦးအောင်ဝင်း၏လယ်မြေ(၂.၀၀)ဧက၌ ပြုလုပ်ခဲ့ရာ စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယတိုင်းဒေသကြီး ဦးစီးမှူး၊ ခရိုင်ဦးစီးမှူး၊ ခရိုင်နှင့်မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအဖွဲ့ဝင်များနှင့် တောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ပုသိမ်မြို့နယ်တွင် ပေါ်ဆန်းစပါးကို မိုးရာသီတွင် အများဆုံးစိုက်ပျိုးပြီး နွေရာသီတွင် စိုက်ပျိုး၍မရသဖြင့် နွေစပါးရေဆင်းပေါ်ဆန်း ၂ မျိုးကို စိုက်ပျိုးရေးသုတေသနဦးစီးဌာနက နွေရာသီတွင် စိုက်ပျိုးရန် ထုတ်လုပ်ခဲ့သဖြင့် စမ်းသပ်စိုက်ပျိုးခြင်းဖြစ်ပြီး အောင်မြင်ပါက ပုသိမ်မြို့နယ်တွင် မိုး/နွေ ပေါ်ဆန်းစိုက်ဧရိယာများ ပိုမိုများပြားလာမည်ဖြစ်ပြီး တောင်သူဝင်ငွေ တိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။
လှမင်းထွဋ်