သောင်လယ်ကျေးရွာ အခြေခံပညာမူလတန်း(လွန်)ကျောင်းတွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့်စာအုပ်စာစောင်ပြပွဲကျင်းပ ကျင်းပ
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့ မွန်းလွဲ (၂) နာရီအချိန်က သောင်လယ်ကျေးရွာ အခြေခံပညာမူလတန်း(လွန်) မဒေါက်ကလေးကျောင်းတွင် ပြုလုပ်ကျင်းပခဲ့သည်။