တိုင်းဒေသကြီးဝန်ကြီးချုပ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး ဆရာ၊ ဆရာများနှင့် တွေ့ဆုံဆွေးနွေး

ပုသိမ် ဇန်နဝါရီ ၁၃

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယမန်နေ့မွန်းလွဲပိုင်းက ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့၊ သပေါ့ကန်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းနှင့် ရွှေသောင်ယံမြို့ အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်၍ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး ဆရာ၊ ဆရာများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် သပေါ့ကန်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းသို့ရောက်ရှိ၍ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံခဲ့ပြီး တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး ဆောင်ရွက်ထားရှိမှုများ၊ ဝန်ထမ်းအိမ်ရာ လိုအပ်ချက်များ၊ ကျောင်းဆောင်လိုအပ်ချက်များကို တင်ပြခဲ့ကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က တင်ပြချက်များအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့်ကျောင်းသား၊ ကျောင်းသူများအတွက် ချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။

အလားတူ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရွှေသောင်ယံမြို့ အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံခဲ့ကာ ကျောင်းတက်ရောက်မှုအခြေအနေများအား မေးမြန်းခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအတွက် ချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။

ထို့​နောက် တိုင်း​ဒေသကြီးဝန်ကြီးချုပ်သည် ပုသိမ်-​ရှောပြာ-ချောင်းသာလမ်း ၁၈/၀ မိုင် မှ ၃၅/၀ မိုင်အတွင်း ပေ ၄၀ အကျယ် လမ်းတာ​ဘောင်ချဲ့ခြင်း ၂၄ ​ပေအကျယ် ကတ္တရာခင်းခြင်း၊ လမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းများအချိန်မီပြီးစီး​​စေရေးနှင့် အရည်အ​သွေးပြည့်မီ​စေ​ရေး အ​လေးထားဆောင်ရွက်ရန်မှာကြားခဲ့​ကြောင်း သိရှိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)