ရွှေတောင်မြို့နယ်အတွင်း ကုန်ပစ္စည်းများ ဘေးအန္တရာယ်ကင်းရှင်းစေရေး ရှောင်တခင်စစ်ဆေး

ရွှေတောင် ဇန်နဝါရီ ၁၃

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ရွှေတောင်မြို့မစျေးအတွင်းတွင် ယနေ့နံနက်ပိုင်းက စျေးဆိုင်၊ ကုန်စုံဆိုင်၊ ကုန်ခြောက်ပစ္စည်း အရောင်းဆိုင်များ လူသုံးကုန်နှင့် အလှကုန်ပစ္စည်းများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ရှောင်တခင်စစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် ရွှေတောင်မြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ခရိုင်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ရေး ဦးစီးဌာန (FDA) ခရိုင်ဦးစီးမှူး နှင့်ဝန်ထမ်းများ၊ မြို့နယ်အစားအသောက်နှင့် ဆေးဝါးများ ကြီးကြပ်မှုကော်မတီပါ ဌာနဆိုင်ရာများဖြစ်သည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ ရွှေတောင်မြို့မစျေး တာဝန်ရှိသူများပါဝင်သည့် အဖွဲ့ဝင်များမှ ရွှေတောင်မြို့မစျေးအတွင်း ရောင်းချလျက်ရှိသည့် စျေးဆိုင်၊ ကုန်စုံဆိုင်၊ ကုန်ခြောက်ပစ္စည်း အရောင်းဆိုင်များ လူသုံးကုန်နှင့် အလှကုန်ပစ္စည်းများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ရှောင်တခင် စျေးကွက်ထောက်လှမ်းစစ်ဆေးခြင်းနှင့် အစားအသောက်နမူနာ ကောက်ယူခြင်းများ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)