သာစည် ဇန်နဝါရီ ၁၃
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်၌ မိုးနှောင်းချည်မျှင်ရှည်ဝါ Grade ခွဲခြားဝယ်ယူစုပေါင်းရောင်းချပွဲကို ဇန်နဝါရီ ၁၂ ရက်နေ့က တောကင်းကျေးရွာတွင် ပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသက်ကျော်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
မိုးနှေင်းချည်မျှင်ရှည်ဝါ စုပေါင်းရောင်းချပွဲတွင် ဦးစွာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဦးစီးမှူး ဒေါ်ဌေးဌေးက တောင်သူများအား ဝါ Grade ခွဲခြားကောက်ယူခြင်းနှင့်ပတ်သက်၍ လက်တွေ့နည်းပညာပေး ရှင်းလင်းပြောကြားသည်။ ထို့နောက် ဝါစုပေါင်းဝယ်ယူရောင်းချပွဲ ပြုလုပ်ရာ တောင်သူ ၂၇ ဦးတို့က ဝါပိဿာချိန် ၁၀၅၀ ပိဿာကို စုပေါင်းရောင်းချခဲ့ကြောင်း သိရသည်။ တောကင်းကျေးရွာတွင် မိုးနှောင်းချည်မျှင်ရှည်ဝါ ၂၁၃ ဧက စိုက်ပျိုးထားကြောင်း သိရပြီး ယခုအချိန်တွင် တောင်သူများ ဝါကောက်ယူရောင်းချလျက်ရှိကြောင်း သိရသည်။
အဆိုပါ မိုးနှောင်းချည်မျှင်ရှည်ဝါ Grade ခွဲခြားဝယ်ယူစုပေါင်းရောင်းချပွဲသို့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဝါစိုက်တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)