မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိ ဆက်သွယ်ရေးကြိုးများ မြို့တော်အင်္ဂါရပ်နှင့်အညီ သွယ်တန်းရေးဆွေးနွေးညှိနှိုင်း

မင်္ဂလာတောင်ညွန့် ဇန်နဝါရီ ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိ ဆက်သွယ်ရေးကြိုးများ မြို့တော်အင်္ဂါရပ်နှင့်အညီ သွယ်တန်းရေး၊ ခွင့်ပြုချက်မဲ့ သွယ်တန်းထားသော ဆက်သွယ်ရေးကြိုး၊ ဖိုင်ဘာကြိုး၊ ဝိုင်ဖိုင်ကြိုးများရှင်းလင်းရေး၊ သတ်မှတ်ချက်စည်းကမ်းများနှင့်အညီ လိုက်နာသွယ်တန်း ဆောင်ရွက်ရေးတို့အတွက် မြို့နယ်လျှပ်စစ်မန်နေဂျာရုံး၌ ဆက်သွယ်ရေးကုမ္ပဏီများနှင့် ဇန်နဝါရီလ (၁၁) ရက်နေ့နံနက်ပိုင်းက ဆွေးနွေးခဲ့သည်။

အဆိုပါဆွေးနွေးပွဲသို့ ဆက်သွယ်ရေးကုမ္ပဏီများမှ ကိုယ်စားလှယ်များအားဖိတ်ကြား၍ သတ်မှတ်ချက် စည်းမျဥ်းစည်းကမ်းနှင့်အညီ သွယ်တန်းဆောင်ရွက်ရေး၊ ခွင့်ပြုချက်မဲ့ တရားမဝင်ကြိုးများ ရှင်းလင်းဖယ်ရှားရေးတို့ကို ဆွေးနွေးညှိနှိုင်းခဲ့သည်။

ထို့နောက် သာယာကုန်းရပ်ကွက်၊ ရေတွင်းကုန်းရပ်ကွက်၊ သပြေကုန်းရပ်ကွက် လမ်းများအတွင်းရှိ ဆက်သွယ်ရေးကြိုးများကို ကုမ္ပဏီအဖွဲ့များနှင့် မြို့နယ်လျှပ်စစ်မန်နေဂျာရုံး လိုင်းမင်းများက ပူးပေါင်းစစ်ဆေး၍ တရားမဝင်သွယ်တန်းထားသော ဝိုင်ဖိုင်ဆက်သွယ်ရေးကြိုး အရှည် (၁၅.၇၅) ကီလိုမီတာခန့်အား ရှင်းလင်းဖယ်ရှားနိုင်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)