ကော့ကရိတ် ဇန်နဝါရီ ၁၃
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း (၂၈) ကျောင်းမှ သံဃာတော်အပါး (၅၀) ပါးတို့အား (၆၁) ကြိမ်မြောက် စုပေါင်းဆွမ်းကြီးလောင်းလှူပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ် (၂) ဝင်းကြီးရပ်ကွက်၊ သာသနဟိတကာရီဓမ္မရုံတွင် ဆင်ယင်ကျင်းပပြုလုပ်ကြသည်။
ရှေးဦးစွာ ဓမ္မသီရိကျောင်းတိုက်ဆရာတော် ဦးဥတ္တမသာရထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ကြွရောက်လာသော သံဃာတော်များက ပရိတ်တရားတော်များ စုပေါင်း၍ ရွတ်ဖတ်ပူဇော်ခဲ့ကြသည်။ ဆက်လက်၍ ဓမ္မသီရိကျောင်းတိုက်ဆရာတော်၏ အနုမောဒနာတရားတော်များ နာကြားပြီး ပင့်ကျောင်းသံဃာတော်များအား အလှူရှင်များက ဆန်၊ ဆီ၊ နဝကမ္မဝတ္ထုငွေများအား ဆပ်ကပ်လှူဒါန်းကြသည်။
ထို့နောက် ကော့ကရိတ်မြို့ပေါ်ရပ်ကွက်များရှိ အလှူဒါယိကာ၊ ဒါယိကာမများက ရဟန်း၊ သံဃာတော်များအား လှူဖွယ်ပစ္စည်းများ စည်ကားပျော်ရွှင်စွာ စုပေါင်းလောင်းလှူကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)