ဂန့်ဂေါမြို့၌ မြို့နယ်အဆင့် အခြေခံပညာကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲများ ကျင်းပ

ဂန့်ဂေါ ဇန်နဝါရီ ၁၃

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့တွင် မြို့နယ်အဆင့် အခြေခံပညာကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲများကို ယနေ့နံနက် (၈)နာရီအချိန်ကစတင်၍ အခြေခံပညာအထက်တန်းကျောင်း(ဂန့်ဂေါ)တွင် ကျင်းပပြုလုပ်ခဲ့သည်။

ထိုသို့ အခြေခံပညာကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲများယှဉ်ပြိုင်ရာတွင် အ.မ.က(တပ်တွင်း)ကျောင်း၊ အ.မ.က(မြို့မတောင်ပိုင်း)ကျောင်း၊ အ.လ.က(ခွဲ)(စည်ပင်သာယာ)ကျောင်း၊ အ.လ.က(ခွဲ) (ကျောတိုက်)ကျောင်း၊ အ.လ.က(မြောက်ကုန်း)ကျောင်း၊ အ.ထ.က(ဂန့်ဂေါ)ကျောင်းများမှ မူလတန်းနှင့် အလယ်တန်းအဆင့် ထုပ်ဆီးတိုးပြိုင်ပွဲနှင့် ဖူဆယ်ဘောလုံးပြိုင်ပွဲများကို ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အားကစားပြိုင်ပွဲများသို့ ဂန့်ဂေါမြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာကြီး/ဆရာမကြီးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများက ကြည့်ရှုအားပေးခဲ့ကြပြီး ပြိုင်ပွဲဝင် အားကစားသမားများနှင့် ကျောင်းသား/ကျောင်းသူများက ပျော်ရွှင်စွာဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး အားကစားပြိုင်ပွဲများကို ဇန်နဝါရီ(၁၃)ရက်နေ့မှ (၁၄)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မောင်မျိုးမင်း(ပြန်/ဆက်)